ဖုန်းဘာကြောင့်နှေးလာသလဲနှင့် ဘယ်လိုမြန်အောင်လုပ်မလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

စမတ်ဖုန်းများသည် အကြောင်းအမျိုးမျိုးကြောင့် နှေးသွား/ရပ်သွား သို့မဟုတ် ချို့ယွင်းသွားနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသည့် တရားခံများမှာ သိုလှောင်မှုပမာဏပြည့်နေခြင်းနှင့် ဆော့ဖ်ဝဲလ်နောက်ကျနေခြင်းဖြစ်သည်။ သင့်ဖုန်းကို ယခင်အတိုင်းပြန်ဖြစ်စေဖို့အတွက် ကြိုးစားရမည့် အကြံပြုချက်အချို့ရှိပါသည်။

မှတ်ချက်-

  • စခရင်ပုံနှင့် မီနူးပုံများသည် သင့်ဖုန်း၏မော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

သိုလှောင်မှုအချို့ကိုဖယ်ရှားခြင်းဖြင့် သင့်ဖုန်းလုပ်ဆောင်မှုပိုမိုကောင်းမွန်စေပါသည်။ Device care ကိုအသုံးပြု၍ ရှင်းထုတ်ရန်လိုအပ်သည့် ဖိုင်များနှင့်အက်ပ်များကို ဖယ်ထုတ်ပစ်ပါ။

Battery and device care Battery and device care

➊ "Setting" သို့သွား၍ "Battery and device care" ကိုနှိပ်ပါ။

device care storage device care storage

➋ "Storage" ကို နှိပ်ပါ။

သင့် သိုလှောင်မှုပမာဏကိုစစ်ဆေးပြီးဖျက်ပစ်ပါ။ သင့် သိုလှောင်မှုပမာဏကိုစစ်ဆေးပြီးဖျက်ပစ်ပါ။

➌ သင့်သိုလှောင်မှုပမာဏကိုစစ်ဆေး၍ သင်ဖျက်လိုသည့်ဖိုင်များနှင့်အက်ပ်များကို ရွေးချယ်ပါ။ ၄င်းတို့ကို ဖုန်းထဲမှရှင်းထုတ်ပစ်ပါ။

မှတ်ချက်-

  • delete သို့မဟုတ် uninstall လုပ်ရန်ရွေးစရာမတွေ့ပါက အဆိုပါ ဖိုင် သို့မဟုတ် အက်ပ်များသည် operating system အရလိုအပ်သည်များဖြစ်ပြီး သိမ်းဆည်းထားရန် စိတ်ချရပါသည်။

နောက်ကွယ်တွင် အက်ပ်များလုပ်ဆောင်နေပါက ဖုန်း၏အမြန်နှုန်းနှေးသွားနိုင်ပါသည်။ Optimization ဖြင့် သင့်ဖုန်းအား အကောင်းဆုံးလုပ်ဆောင်နိုင်သည့်အနေအထားတွင် ထားရှိလိုက်ပါ။

Battery and device care Battery and device care

➊ "Setting" သို့သွား၍ "Battery and device care" ကိုနှိပ်ပါ။

device care memory device care memory

➋ "Memory" ကိုနှိပ်ပါ။

device care memory clean now device care memory clean now

➌ သိုလှောင်မှုအားရှင်းလင်းရန် "Clean now" ကိုနှိပ်ပါ။

အကြံပြုချက်များ

ရွေးချယ်ထားသည့်အက်ပ်ကိုပဲ ပိတ်ချင်တာလား

"Memory" သို့ဝင်၍ "Apps not used recently" ကိုနှိပ်ပါ။ ထို့နောက် သင် "Force stop" လုပ်လိုသည့် အက်ပ်များကိုရွေးချယ်ပါ။

apps not used recently force stop apps not used recently force stop

အကြံပြုချက်များ

Device care widget တခုဖန်တီးပြီး သင့်ဖုန်းအားလွယ်ကူစွာ optimize လုပ်ပါ။

Device care widget ဖြင့်သင့်ဖုန်း၏အကောင်းဆုံးစွမ်းဆောင်ရည်ကို ရယူလိုက်ပါ။ သိုလှောင်မှုပမာဏရှင်းလင်းရန် Widget ၏ ပင်မစာမျက်နှာပေါ်ရှိ "Optimize" ဆိုသည့်ခလုတ်ကို ရိုးရိုးလေးနှိပ်လိုက်ရုံပါပဲ။

device care widget optimize phone device care widget optimize phone

အကြံပြုချက်များ

Samsung Members ဖြင့် ပြဿနာရှာဖွေခြင်း

ချက်ချင်းစတင်ရန် Samsung Members အက်ပ်ကိုနှိပ်၍ "Diagnostics"ကိုနှိပ်ပါ သို့မဟုတ် "Get help" ကိုရွေးချယ်၍ "Diagnostics" ကိုရွေးပေးပါ။
ထို့နောက် device status နှင့်ဘယ်လိုလုပ်ရမလဲဆိုတာကို ကြည့်နိုင်ပါပြီ။
Samsung Members အကြောင်းပိုမိုလေ့လာရန်ဒီကိုနှိပ်ပါ

get help diagnostics device status get help diagnostics device status

သင့်ဖုန်းဆော့ဖ်ဝဲလ်အား နောက်ဆုံးဗားရှင်းသို့တင်ထားခြင်းသည် ဆီလျော်စွာအသုံးပြုနိုင်မှုကိုတိုးစေပြီး လုံခြုံရေးအကာအကွယ်များနှင့် bug fix များကိုပါထည့်ပေးသောကြောင့် သင့်ဖုန်း၏စွမ်းဆောင်ရည်ကို တိုးတက်အောင်ကူညီပေးနိုင်ပါသည်။

ဆော့ဖ်ဝဲလ်အပ်ဒိတ်များကိုစစ်ဆေးရန် "Settings" သို့သွားပြီး "Software update" ကိုနှိပ်ပါ။ ထို့နောက် "Download and install" ကိုနှိပ်ပါ။

ဆော့ဖ်ဝဲလ်ဗားရှင်းအားစစ်ဆေးခြင်း

Settings About Phone Settings About Phone

➊ "Settings" သို့သွား၍ "About phone" ကိုနှိပ်ပါ။

software အချက်အလက် software အချက်အလက်

➋ "Software information" ကိုနှိပ်ပါ။

ဖုန်း၏လက်ရှိဆော့ဖ်ဝဲလ်ဗားရှင်းအားစစ်ဆေးခြင်း ဖုန်း၏လက်ရှိဆော့ဖ်ဝဲလ်ဗားရှင်းအားစစ်ဆေးခြင်း

➌ ဖုန်း၏လက်ရှိဆော့ဖ်ဝဲလ်ဗားရှင်းအားစစ်ဆေးပါ။

သင့်ဆော့ဖ်ဝဲလ်အား အပ်ဒိတ်လုပ်ပါ။

Settings Software Update Settings Software Update

➊ "Settings" သို့သွား၍ "Software update" ကိုနှိပ်ပါ။

Software Update Download and Install Software Update Download and Install

➋ "Download and install" ကိုရွေးပါ။

ဆော့ဖ်ဝဲလ် နောက်ဆုံးဗားရှင်းသို့အပ်ဒိတ်လုပ်မည် ဆော့ဖ်ဝဲလ် နောက်ဆုံးဗားရှင်းသို့အပ်ဒိတ်လုပ်မည်

➌ သင့်ဆော့ဖ်ဝဲလ်အား နောက်ဆုံးဗားရှင်းသို့အပ်ဒိတ်လုပ်ပါစေ။

အကြံပြုချက်များ

အက်ပ်တခုခုမှာ ပြဿနာဖြစ်နေလား။

app ကိုသွား၍ "ⓘ"ကိုနှိပ်ပါ။ "App details in store" ကိုရွေးချယ်ပြီး နောက်ဆုံးဗားရှင်းကိုထည့်သွင်းရန် "Update" ကိုနှိပ်ပါ။

Store တွင်ပြထားသည့် အက်ပ်အသေးစိတ်အချက်အလက် နောက်ဆုံးဗားရှင်း Store တွင်ပြထားသည့် အက်ပ်အသေးစိတ်အချက်အလက် နောက်ဆုံးဗားရှင်း

သင့်ဖုန်းအား restart လုပ်ခြင်းသည် နောက်ကွယ်တွင်ပွင့်နေသည့် မသုံးသည့်အက်ပ်များကို ရှင်းထုတ်ရန်နှင့် မြန်ဆန်သွားစေရန်အတွက် ရိုးရှင်းသည့်နည်းလမ်းတခုဖြစ်သည်။

"Auto restart" ဖြင့် အချိန်သတ်မှတ်ပေးပြီး သင့်ဖုန်းအား restart လုပ်ခြင်း ဘယ်လိုသတ်မှတ်ရမလဲဆိုတာ အောက်တွင်ကြည့်ရှုပါ။

Battery and device care Battery and device care

➊ "Settings" သို့သွား၍ "Battery and device care" ကိုနှိပ်ပါ။

Device care အလိုအလျောက်လုပ်ဆောင်မှု Device care အလိုအလျောက်လုပ်ဆောင်မှု

➋ ညာဘက်အပေါ်ထောင့်ရှိ အစက်သုံးစက်မီနူးကိုနှိပ်ပြီး "Automation" ကိုနှိပ်ပါ။

အလိုအလျောက် Restart အချိန်သတ်မှတ်ခြင်း အလိုအလျောက် Restart အချိန်သတ်မှတ်ခြင်း

➌ "Auto restart at set times" ကိုနှိပ်ပါ။

အလိုအလျောက် Restart အချိန်သတ်မှတ်ခြင်း အလိုအလျောက် Restart အချိန်သတ်မှတ်ခြင်း

➍ "Schedule" အောက်တွင် restart လုပ်မည့်နေ့ကိုရွေးချယ်ပြီး အချိန်သတ်မှတ်ခြင်းကိုအပြီးသတ်ရန်အတွက် "Time" ကိုသွား၍ အလိုအလျောက် restart အချိန်ကို သတ်မှတ်လိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ