သင့် Samsung တီဗီအား မှတ်ပုံတင်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 28.08.2020

Samsung စမတ်တီဗီ အသစ်တစ်လုံးကို ဝယ်ထားပါသလား။ သင့်တီဗီကို မှတ်ပုံတင်ကာ ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် နောက်ထပ်ဝန်ဆောင်မှုများကို ခံစားလိုက်ပါ။ သင့်ထုတ်ကုန်အား မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများနှင့် မှတ်ပုံတင်ပုံတို့ကို ကျွန်ုပ်တို့ ရှင်းပြပါမည်။ သင့်တီဗီအား မှတ်ပုံတင်ရန် နည်းလမ်းနှစ်ခု ရှိပါသည် - တီဗီမှ တိုက်ရိုက်တင်ခြင်း သို့မဟုတ် Samsung Merbers အက်ပ်မှတင်ခြင်းတို့ ဖြစ်ပါသည်။

သင့်တီဗီအား မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ

သင့်ထုတ်ကုန်များအား မှတ်ပုံတင်ခြင်းဖြင့် သင့်အား ပိုမိုမြန်ဆန်သော ပံ့ပိုးမှုကို ပေးနိုင်သလို သင်မှတ်ပုံတင်ထားသော ထုတ်ကုန်များအတွက် ဝန်ဆောင်မှုများအားလုံးကို အကောင့်တစ်ခုတည်းတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သင့်အကောင့်တွင် အောက်ပါနောက်ထပ် အကျိုးကျေးဇူးများကို ပေးထားပါသည် -

 

  • ထုတ်ကုန်၏ အသေးစိတ်အချက်များကို Samsun ဖောက်သည်ဝန်ဆောင်မှုဌာနက ချက်ချင်းရရှိနိုင်သောကြောင့် စာရွက်စာတမ်းများကို အလွယ်တကူ ရှာဖွေနိုင်ပြီး စုံစမ်းမေးမြန်းမှုများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။
  • နောက်ဆုံးထွက် လက်စွဲစာအုပ်များ၊ အမေးများသော မေးခွန်းများနှင့် လမ်းညွှန်ချက်များကို ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။
  • ဝန်ဆောင်မှု တောင်းဆိုချက်တစ်ခုကို သင်ကိုယ်တိုင် ပြုလုပ်ခြင်းဖြင့် သင့်စိုးရိမ်မှုများအတွက် အွန်လိုင်းဖြေရှင်းချက်များကို ရှာဖွေနိုင်ပါသည်။
  • သင့်ဝန်ဆောင်မှု အခြေအနေကို အွန်လိုင်းတွင် ကြည့်နိုင်ပါသည်။

သင့်တီဗီတွင် ၂၀၂၀ ထုတ်ကုန် မှတ်ပုံတင်ခြင်း

သင့်တီဗီကို မှတ်ပုံတင်လိုက်သည်နှင့် နောက်ထပ်အကြိမ်များတွင် စီရီယယ်နံပါတ်ကို လိုက်ရှာကာ ထပ်ပြောစရာ မလိုတော့ပါ။ ၂၀၂၀ တီဗီမော်ဒယ်များတွင် အဆင်ပြေလွယ်ကူသော မှတ်ပုံတင်ခြင်း လုပ်ဆောင်ချက်ပါရှိပြီး တီဗီပေါ်မှ တိုက်ရိုက်မှတ်ပုံတင်နိုင်စေပါသည်။ တီဗီအကြောင်း မေးခွန်းများမေးရန် သို့မဟုတ် ဖောက်သည်ဝန်ဆောင်မှုကို တောင်းဆိုရန်အတွက် သင့်တီဗီ၏ စီရီယယ်နံပါတ်ကို လိုအပ်ခြင်းရှိနိုင်ပါသည်။ သင့်တီဗီကို မှတ်ပုံတင်ရန် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။

အဆင့် ၁။ အဝေးထိန်းခလုတ်တွင် Home မီနူးကိုနှိပ်ပြီးနောက် Samsung Account ကို ရွေးချယ်ပါ။

အဆင့် ၂။ သင့် Samsung အကောင့်သို့ အကောင့်ဝင်ပါ။ သင့်မိုဘိုင်းကိရိယာပေါ်တွင် ဖွင့်ထားသော Samsung အကောင့်ကိုပင် အသုံးပြုနိုင်ပါသည်။

မှတ်ချက် - သင့်တွင် Samsung အကောင့်မရှိပါက ထုတ်ကုန်မှတ်ပုံတင်ခြင်းကို ဆက်လက်လုပ်ဆောင်ရန်အတွက် အကောင့်တစ်ခုဖွင့်ရန် လိုအပ်ပါသည်။

အဆင့် ၃။ My Account တွင် TV Registration ကို ရွေးချယ်ပါ။

အဆင့် ၄။ သင့်တီဗီစခရင်ပေါ်တွင် ဖတ်ရှုပြီးနောက် Agree & Register ခလုတ်ကိုရွေးပါ။

အဆင့် ၅။ မှတ်ပုံတင်ခြင်း ပြီးစီးပါက ပိတ်ရန်အတွက် enter ကိုနှိပ်ပါ။

မှတ်ချက် - ကိရိယာ စခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သင့်ထုတ်ကုန်ကို Samsung Members မှတဆင့် မှတ်ပုံတင်ခြင်း

Samsung Members အက်ပ်ကိုထည့်သွင်းပြီး Samsung ထုတ်ကုန်များကို မှတ်ပုံတင်ရန်အတွက် သင့် Samsung အကောင့်ကို အကောင့်ဝင်ပါ။ သင့်ထုတ်ကုန်ကို စာရင်းသွင်းရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။

အဆင့် ၁။ Samsung Members အက်ပ်ကိုဖွင့်ကာ စခရင်၏အောက်ဖက်ရှိ အကူအညီရယူရန်ကိုနှိပ်ပါ။

အဆင့် ၂။ မှတ်ပုံတင်ပါကို နှိပ်ပါ

အဆင့် ၃။ မှတ်ပုံတင်မည့် နည်းလမ်းကို ရွေးချယ်ပါ - QR ကုဒ်နံပါတ်ကို စကန်ဖတ်ပါ၊ Wi-Fi ကို စကန်ဖတ်ပါ သို့မဟုတ် ဘားကုဒ်သုံးပါ။ 

  • QR ကုဒ်နံပါတ်ကို စကန်ဖတ်ပါ၊ - သင့်ထုတ်ကုန်ပေါ်ရှိ QR ကုဒ်ကို စကန်ဖတ်ပါ။ ထုတ်ကုန်အမျိုးအစားကို ရွေးချယ်ပြီးနောက် မော်ဒယ်နံပါတ်ကို ထည့်သွင်းပါ သို့မဟုတ် စကန်ဖတ်ပါ။
  • Wi-Fi ကို စကန်ဖတ်ပါ - ဝိုင်ဖိုင်ကို စကန်ဖတ်ပါ။ သင်မှတ်ပုံတင်လိုသော ထုတ်ကုန်ကိုနှိပ်ပြီးနောက် ထုတ်ကုန်အမျိုးအစားကို ရွေးချယ်ပါ။
  • ဘားကုဒ်သုံးပါ - ထုတ်ကုန်အမျိုးအစားကို ရွေးချယ်ပါ။ ဘားကုဒ်ကို စကန်ဖတ်ပါ သို့မဟုတ် သင့်ထုတ်ကုန်ပေါ်ရှိ မော်ဒယ်/စီရီယယ်နံပါတ်ကို ကိုယ်တိုင်ထည့်သွင်းပါ။

မှတ်ချက် - စတစ်ကာပေါ်ရှိ QR ကုဒ်၊ ဘားကုဒ်၊ မော်ဒယ်နံပါတ်နှင့် စီရီယယ်နံပါတ်တို့သည် ထုတ်ကုန် သို့မဟုတ် ထုပ်ပိုးမှု၏ ဘေးဖက် သို့မဟုတ် နောက်ဖက်တွင် ပါလေ့ရှိပါသည်။ အဝေးထိန်းခလုတ်ကို အသုံးပြုလည်း အောက်ပါအတိုင်း QR ကုဒ်၊ မော်ဒယ်နံပါတ်နှင့် စီရီယယ်နံပါတ်တို့ကို စစ်နိုင်ပါသည် - Home > Settings > Support > About this TV။

မှတ်ပုံတင်၍ မရမှုကို ပြဿနာဖြေရှင်းခြင်း

  • VPN တစ်ခုအား အသုံးပြုခြင်းသည့် ချိတ်ဆက်မှုပြဿနာကို ဖြစ်စေနိုင်ပါသည်။ မှတ်ပုံတင်စဉ်အတွင်း VPN တစ်ခုကို အသုံးမပြုရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
  • Samsung Members အက်ပ်ကို အသုံးပြု၍ သင့်ထုတ်ကုန်ကို မှတ်ပုံတင်မရပါက အက်ပ်ကို ထုတ်ပစ်ပြီး ပြန်ထည့်သွင်းပါ။

မှတ်ချက် -

  • ကိရိယာစခရင်ရှော့များနှင့် မီနူးတို့သည် ကိရိယာမော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။
  • Samsung ဝဘ်ဆိုက်ပေါ်တွင်လည်း သင့်ထုတ်ကုန်ကို မှတ်ပုံတင်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ