Samsung တီဗွီ တွင် ပါဝါမပွင့်ခြင်းအား ဖြေရှင်းချက်များ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.12.2020

သင့် Samsung စမတ်တီဗွီကို ပါဝါဖွင့်ရာတွင် အခက်အခဲဖြစ်နေပါက ပလပ်ပေါက်၊ ကြိုး၊ အဝေးထိန်းခလုတ် သို့မဟုတ် တီဗွီကိုယ်တိုင်တွင် ပြဿနာရှိနေခြင်း ဖြစ်နိုင်ပါသည်။ အနီရောင် စတန်းဘိုင်မီး ဖော်ပြချက်သည် အရေးကြီးပါသည်။ ပုံမှန်အသုံးပြုချိန်တွင် တီဗွီကို ပိတ်ထားပါက အနီရောင် စတန်းဘိုင်မီး လင်းနေပြီး တီဗွီကို အသုံးပြုနေပါက မီးမှိတ်နေပါမည်။

အခြေအနေ ၁။ တီဗွီစတန်းဘိုင်မီး လင်းနေသောအခါ

တီဗွီအား ပိတ်ထားချိန်တွင် အနီရောင် စတန်းဘိုင်မီးလင်းနေခြင်းသည် ပြဿနာမဟုတ်ပါ။ သို့ရာတွင် ဖွင့်ရန်ကြိုးစားပြီးနောက် တီဗွီမပွင့်သေးပါက အဝေးထိန်းခလုတ်တွင် ပြဿနာတစ်ခု ရှိနိုင်ပါသည်။ ဦးစွာ အဝေးထိန်းခလုတ်အစား တီဗွီပေါ်ရှိ ပါဝါခလုတ်ကိုအသုံးပြု၍ တီဗွီကိုဖွင့်ပါ။

တီဗွီ စတန်းဘိုင်မီး
  • အကယ်၍ ရီမုဒ် ခလုတ်မပါဘဲ တီဗွီပွင့်လာပါက ပြဿနာသည် ရီမုဒ်ခလုတ်တွင် ဖြစ်ပါသည်။ ဓာတ်ခဲလဲခြင်း သို့မဟုတ် အဝေးထိန်းခလုတ်ကို ပြင်ဆင်ခြင်းတို့ကို သင်ပြုလုပ်နိုင်ပါသည်။

မှတ်ချက် - သင့်တီဗွီ၏ မော်ဒယ်အပေါ် မူတည်၍ ပါဝါခလုတ်တည်နေရာ ကွဲပြားပါသည်။ မည်သည့်နေရာတွင်ရှိကြောင်း သင်မသေချာပါက အသုံးပြုသူလမ်းညွှန်တွင်ကြည့်ပါ။

အခြေအနေ ၂။ တီဗွီစတန်းဘိုင်မီး မလင်းသောအခါ

သင့်မီးကြိုးနှင့် ပလပ်ပေါက်တို့ ကောင်းစွာအလုပ်လုပ်ခြင်း ရှိမရှိသေချာအောင်စစ်ပါ။ ဦးစွာ ကြိုးများအားလုံးကို မြဲမြံစွာ တပ်ဆင်ထားကြောင်း သေချာအောင်စစ်ပါ။ စက္ကန့် ၃၀ ကြာအောင် တီဗွီကို ပလပ်ဖြုတ်ထားပါ။ ပလပ်ပြန်တပ်ရာတွင် ကောင်းမွန်သော ပလပ်ပေါက်တစ်ခုတွင် တိုက်ရိုက်တပ်ပါ။ အဆင်မပြေပါက အခြားပလပ်ပေါက်တွင် စမ်းကြည့်ပါ။

တီဗွီပါဝါ ပလပ်ပေါက်
  • အနီရောင် စတန်းဘိုင်မီး ပွင့်လာပါက သင့်တီဗွီသည် ပါဝါဝင်နေပြီး ပုံမှန်အတိုင်း ပွင့်လာခြင်း ရှိနိုင်ပါမည်။ ယင်းသို့ဖြစ်ပါက သင်တပ်ခဲ့သော မူလပလပ်ပေါက်တွင် ပြဿနာရှိနေခြင်း ဖြစ်ပါသည်။

အခြေအနေ ၃။ တီဗွီ၏ စတန်းဘိုင်မီး မှိတ်တုတ်မှိတ်တုတ် ဖြစ်သောအခါ

မီးအားထိန်းသော ကိရိယာများကို အသုံးပြုထားခြင်းရှိပါက ယင်းတို့ကို စစ်ဆေးပါ။ ယင်းတို့သည် အချိန်နှင့်အမျှ ပျက်စီးနိုင်ပြီး သင့်တီဗွီကို ဗို့အားအလုံအလောက် မပေးတော့ခြင်း ရှိနိုင်ပါသည်။ ထိုသို့ဖြစ်ပါက မီးအားထိန်းသော ကိရိယာများကို လဲလှယ်နိုင်ပါသည်။ မီးမှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်းသည် ပါဝါပိုင်းတွင် သို့မဟုတ် သင့်တီဗွီ၏ အတွင်းဖက် အစိတ်အပိုင်းအချို့တွင် ပြဿနာတစ်ခုရှိခြင်းကို ပြပါသည်။

မှတ်ချက် - တီဗွီပွင့်မလာသေးပါက Samsung ပံ့ပိုးမှုစင်တာကို ဆက်သွယ်၍ ဝန်ဆောင်မှု‌ အကြောင်းကို မေးမြန်းနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ