Samsung တီဗွီ ပါဝါမပွင့်ခြင်းအား ဖြေရှင်းချက်များ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 09.12.2020

သင့်ရဲ့တီဗွီ အလိုအလျောက်ပိတ်သွားခဲ့ပါက ဖြစ်နိုင်ချေအမျိုးမျိုး ရှိပါတယ်။ အလိုအလျောက် တီဗွီပိတ်သွားစေတဲ့ ယေဘူယျအကြောင်းအရင်းတွေကတော့ ဆက်တင်နှင့် တီဗွီအတွက်ချိတ်ဆက်ထားသော ပြင်ပပစ္စည်းများကြောင့်ပါ။

နည်းလမ်း (၁) - တီဗွီကို စက္ကန့် ၃၀ ကြာအောင် ပလပ်ဖြုတ်ထားလိုက်ပါ။

တီဗွီကို စက္ကန့် ၃၀ ကြာအောင် ပလပ်ဖြုတ်ထားပါ။ ပလပ်ပြန်တပ်သောအချိန်တွင် ကောင်းမွန်စွာအလုပ်လုပ်သော ပလပ်ပေါက်တွင်သာ တပ်ဆင်ပါ။ ထိုအရာကို " ရိုးရှင်းစွာပြန်စတင်ခြင်း " ဟုခေါ်ပြီး တီဗွီကိုပြန်လည် ချိန်ညှိပေးပါလိမ့်မည်။

နည်းလမ်း (၂) - သင်၏ တီဗွီ ဆက်တင် အားစစ်ဆေးပါ။

Eco Solution ဆက်တင်

Eco Solution အင်္ဂါရပ်သည် အဝင်လိုင်းများ အချိန်ကြာမြင့်စွာ ပြတ်တောက်သွားသည့်အခါတွင် တီဗွီအား အလိုအလျောက်ပိတ်ပေးသည်။

(ဆက်တင် -> ယေဘူယျ -> Eco Solution -> အလိုအလျောက် ပါဝါပိတ်ခြင်း -> ပိတ်ပေးလိုက်ပါ)

Eco Solution ဆက်တင်

အိပ်စက်ချိန်သတ်မှတ်ခြင်း ဆက်တင်

အိပ်စက်ချိန်သတ်မှတ်ထားသော အချိန်တစ်ခုသို့ရောက်သောအခါ တီဗွီပိတ်သွားသည်။

(ဆက်တင် -> ယေဘူယျ -> စနစ်မန်နေဂျာ -> အချိန် -> အိပ်စက်ချိန်သတ်မှတ်ခြင်း -> ပိတ်ပေးလိုက်ပါ)

အိပ်စက်ချိန်သတ်မှတ်ခြင်း ဆက်တင်

ဆော့ဖ်ဝဲ အဆင့်မြှင့်တင်ခြင်း

သင့်တီဗွီ၏ဆော့ဖ်ဝဲကို နောက်ဆုံးထိမြှင့်တင်ထားပါ။

(ဆက်တင် -> ထောက်ပံ့ခြင်း -> ဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်း -> အဆင့်မြှင့်လိုက်ပါ)

ဆော့ဖ်ဝဲမြှင့်တင်ခြင်း ဆက်တင်များ

နည်းလမ်း (၃) - သင်၏ချိတ်ဆက်မှုများအား စစ်ဆေးပါ။

  • သင်၏တီဗွီတွင် လိုင်းဖမ်းစက်၊ ဂိမ်းစက်၊ ကွန်ပြူတာ၊ သို့မဟုတ် အခြားသော ပစ္စည်းများနှင့် ချိတ်ဆက်ထားပါက ထိုပြင်ပပစ္စည်းများ၏ ပါဝါကြိုးများကိုဖြုတ်ပြီး ပြန်လည်တပ်ဆင်ပေးပါ။ သင့်တီဗွီနှင့်ချိတ်ဆက်ထားသော ပစ္စည်းပိတ်သွားလျှင် တီဗွီလည်းလာတော့မည်မဟုတ်ပါ။
  • တီဗွီနှင့်ချိတ်ဆက်ထားသော ပြင်ပပစ္စည်းများမရှိတော့လျှင် တီဗွီလိုင်းအားရွေးချယ်ပေးပါ။ (ဆက်တင် -> လိုင်းများ -> တီဗွီ)
  • HDMI ကြိုးများကိုကောင်းမကောင်းစစ်ပါ။ HDMI ကြိုးများသာမကောင်းပါက တီဗွီလာမည်မဟုတ်ပါ (သို့မဟုတ်) လိုင်းပြတ်တောက်နေနိုင်ပါသည်။

မှတ်ချက်

  • ပြထားသော စခရင်ရှော့နှင့် ရွေးချယ်စရာများမှာ အင်္ဂလိပ်လိုရေးသားထားသော နမူနာသာဖြစ်သည်။ သင့်နိုင်ငံတွင်အသုံးပြုသော ဘာသာစကားကိုရွေးချယ်နိုင်သည်။
  • အပေါ်မှာပြထားသော နည်းလမ်းများအား အသုံးပြုပြီးတာတောင် သင့်တီဗွီနှင့်ပက်သက်ပြီး ပြဿနာရှိနေသေးတယ်ဆိုရင် ကျွမ်းကျင်ပညာရှင်များဆီမှ အကူအညီတောင်းခံရန်အတွက် Samsung Service Center သို့ဆက်သွယ်လိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ