မိမိ၏ Samsung စမတ်တီဗီ တွင် Device Care ကိုအသုံးပြုနည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 15.09.2022

သင့်တီဗီတွင် ပြဿနာတစ်ခုခုရှိပါက သင့်အနေဖြင့် အပိတ်အဖွင့်လုပ်ခြင်းဟာ ပိုကောင်းသည်ဟု ထင်နိုင်ပါသည်။ ၎င်းနည်းလမ်းသည် ဖြေရှင်းနည်းတစ်ခုဖြစ်နိုင်ပေမယ့် လုပ်ရန် လိုအပ်ချင်မှလိုအပ်မှာပါ။ သင့်တီဗီတွင်လည်း သင့် ဗီဒီယို ၊ ဓာတ်ပုံ ၊ အသံနှင့် အခြားအရာများစွာတွင် ဖြစ်လာသည့်ပြဿနာများအတွက် အသင့်ပါရှိပြီးသား အဖြေရှာပေးသည့်စနစ်ပါရှိပါသည်။

သင့်တီဗီအား Device Care ဖြင့် ပိုကောင်းအောင်လုပ်ခြင်း။

Device Care ဆိုသည်မှာ TV အချက်အလက်နှင့် လက်ရှိ တီဗီအခြေအနေများကို တစ်ချက်တည်းဖြင့် အဖြေရှာပေးနိုင်ရန်လုပ်ဆောင်ထားသည့် TV အဖြေရှာ ဆော့ဝ်ဝဲ တစ်ခုဖြစ်ပါသည်။ Device Care ပင်မစာမျက်နှာကိုဝင်လိုက်သည်နှင့် Device Care သည် သင့်တီဗီကို အဖြေရှာပေးပြီ လက်ရှိပြဿနာများနှင့် သင့်တီဗီ၏ လက်ရှိအခြေအနေများကို ဖော်ပြပေးပါသည်။ တီဗီလုပ်ဆောင်ချက်ကို အဆင့် ၂ ဆင့်ဖြင့် အသိပေးမည်ဖြစ်ပြီး Good နှင့် Moderate ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ သုံးစွဲသူအကူအညီ၏ ပင်မစာမျက်နှာတွင် Device Care ကို ဝင်ရောက်နိုင်ပါသည်။

 

သင်မှတ်ထားသည်များကိုလည်း စစ်ဆေးရှင်းလင်းနိုင်မည်ဖြစ်ပြီး  ကိုယ်တိုင်အဖြေရှာခြင်း သို့မဟုတ် နည်းပညာအကူအညီကိုလည်း တောင်းခံနိုင်ပါသည်။ TV အဖြေရှာခြင်းပြီးဆုံးပါက ယာယီမှတ်ထားသည်များကို ဖျက်ပစ်၍ ရှင်းလင်းမည်ဖြစ်ပြီး မသုံးသည့် နောက်ခံ အက်ပလီကေးရှင်းများကိုလည်း  ရှင်းလင်းပေးမည်ဖြစ်သည်။ ကျေးဇူးပြု၍ Samsung TV တွင် Device Care ဖွင့်၍ စစ်ဆေးခြင်းကို အောက်ဖော်ပြပါလမ်းညွှန်အတိုင်း လုပ်ဆောင်ပေးပါ။

qled device care ပင်မမျက်နှာစာ

အကြောင်းအရာ

အခြေအနေ

Moderate

သိမ်းဆည်းရနိုင်မှုအခြေအနေ 0% ( UI တွင်ဖော်ပြထားသည့်အတိုင်း ), RW သိမ်းဆည်းနိုင်မှုမှာ 70 MB ထက်နည်းနေပါသည်။

Good

Moderate မဟုတ်သော အခြားကိစ္စများအားလုံး

Device Care အား တီဗီကိုအကျိုးရှိစေရန်နှင့် ဘာမှမပေါ်တော့ခြင်း သို့မဟုတ် သိမ်းဆည်းရန်မလုံလောက်ခြင်း စသည့် တီဗီအခြေအနေများကို အဖြေရှာရန် ဖွင့်ပါ။ စခရင်အလယ်ရှိ Device Care အားစတင်မည် ကိုဝင်ပါ။ ထို့နောက် နဂိုပါရှိပြီးသား အဖြေရှာစနစ်သည် တီဗီအခြေအနေအားလုံးကို စစ်ဆေးပါလိမ့်မည်။ ပြဿနာတစ်ခုခုရှိပါက အစဉ်လိုက် ပြသပါလိမ့်မည်။

 

သင့် TV ကို Device Care ဖြင့်စစ်ဆေးရန် အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပါ။

အဆင့္ ၁။ တီဗီ ရိမုဒ်ရှိ Home ကိုနှိပ်၍ Settings ကိုရွေးပါ။

qled device care settings

အဆင့် ၂။ Setting ထဲတွင် Support ကိုနှိပ်၍ Device Care ကိုရွေးပေးပါ။

qled device care အသံ settings

အဆင့် ၃။ စခရင်အလယ်ရှိ Device Care အားစတင်မည်ကို ရွေးပေးပြီးပါက စတင်စစ်ဆေးပါလိမ့်မည်။

qled start device care

Device Care ရှိ Manage Storage သည် သင့် TV တွင် လက်ရှိအသုံးပြုနေသည့် အချက်အလက်များကို စစ်ဆေးစီမံရန် ဖြစ်ပါသည်။ အက်ပလီကေးရှင်းအားဖျက်လိုပါက ညာဘက်အပေါ်ထောင့်ရှိ Delete ကိုရွေး၍ သင်ရွေးထားသည့် အက်ပလီကေးရှင်းအားဖျက်နိုင်သည်။ ထို့အပြင် အက်ပလီကေးရှင်း၏ အသေးစိတ်ကြည့်မည်ကို နှိပ်လိုက်ပါက အက်ပလီကေးရှင်း၏ စုစုပေါင်းသိမ်းဆည်းမှု ၊ သိမ်းထားသည့်ဒေတာနှင့် ယာယီဒေတာများကို အသေးစိတ်ကြည့်နိုင်ပါသည်။

  • ဖျက်မည် : သင်ဖျက်လိုသည့် အက်ပလီကေးရှင်းအားရွေး၍ Delete ကိုနှိပ်ကာ ဖျက်နိုင်ပါသည်။
qled device care manage storage
  • အသေးစိတ်ကြည့်မည် : အက်ပလီကေးရှင်း၏ လက်ရှိအချက်အလက်များနှင့် ယာယီအသုံးပြုမှုကိုစစ်ဆေး၍ ဖျက်ပေးပါ။
qled device care manage storage အသေးစိတ်ကြည့်မည်။

မှတ်ချက် : အက်ပလီကေးရှင်းအားဖျက်သည့်အခါတွင် ပါရှိထားသည့် အက်ပလီကေးရှင်းများကို ရွေးပေးမည်မဟုတ်ပါ။

Self Diagnosis တွင်ဝင်၍ သင့်တီဗီ၏ အခြေအနေများစွာကို စစ်ဆေးနိုင်ပြီး ပုံမှန်မဟုတ်သည်များ ရှိမရှိ တိုက်ရိုက်စစ်ဆေးနိုင်ပါသည်။ တီဗီကြောင့် ပြဿနာဖြစ်နေပါက သေချာသိရှိစေရန် ဗီဒီယိုစစ်ဆေးမှု ၊ ဓာတ်ပုံစစ်ဆေးမှုနှင့် အသံစစ်ဆေးမှုကိုအသုံးပြုပါ။ HDMI , ကွန်ယက်အချက်ပြမှုနှင့် Smart Hub ချိတ်ဆက်မှုကိုလည်း ယခုစာမျက်နှာတွင်စစ်ဆေးနိုင်ပါသည်။

Self Diagnosis Self Diagnosis
  • ဗီဒီယိုစစ်ဆေးမှု : သင့်တီဗီ၏ ဗီဒီယိုအရည်အသွေးပြဿနာကြုံရပါက ဗီဒီယိုစစ်ဆေးမှုကိုလုပ်ဆောင်ပါ။ စစ်ဆေးသည့်ဗီဒီယိုကို သင့်တီဗီ၏ အမြင့်ဆုံးအရည်အသွေးဖြင့်ပြသမည်ဖြစ်ပြီး ပြစ်ချက်ရှာနိုင်ရန်အတွက် စခရင်ကို စက္ကန့်အနည်းငယ်မျှ သေချာကြည့်ထားပေးပါ။
qled device care self diagnosis ဗီဒီယိုနမူနာ
  • ဓာတ်ပုံစစ်ဆေးမှု : သင့်တီဗီ၏ ရုပ်ပုံအရည်အသွေးတွင် ပြဿနာကြုံရပါက ဓာတ်ပုံစစ်ဆေးမှုကိုအသုံးပြုပါ။ စစ်ဆေးမှုဓာတ်ပုံကိုပြသထားမည်ဖြစ်ပြီး ပြစ်ချက်ရှာနိုင်ရန်အတွက် စခရင်ကို ၅ စက္ကန့်ခန့် သေချာကြည့်ပေးပါ။
  • အသံစစ်ဆေးမှု : သင့်တီဗီ အသံအရည်အသွေးတွင် ပြဿနာကြုံရပါက အသံစစ်ဆေးမှုကိုသုံးပါ။ စစ်ဆေးမှုအသံကို လက်ရှိစပီကာနှင့်ဖွင့်ပေးမည်ဖြစ်ပြီး အသံပုံမှန်ဟုတ်မဟုတ် သိနိုင်ရန် သေချာနားထောင်ပေးပါ။
  • HDMI ပြဿနာဖြေရှင်းခြင်း : ယခုစစ်ဆေးမှုသည် HDMI ကြိုးအား TV ၏ HTMI အပေါက်တွင် သေချာတပ်ထား / မထား စစ်ဆေးရန်ဖြစ်သည်။ စစ်ဆေးမည့် ပြင်ပ HDMI အပေါက်အား အောက်ဖော်ပြပါအတိုင်းရွေးပေး၍ စစ်ဆေးမှုစတင်ရန် Next ခလုတ်ကိုရွေးပေးပါ။
device care self diagnosis HDMI ပြဿနာဖြေရှင်းခြင်း
  • Signal Information: လက်ရှိသုံးနေသည့် ပြင်ပကိရိယာကို စစ်ဆေးသည့်အခါတွင် Signal Information ကိုသုံးပါ။ HDMI ကြိုးကိုလည်း စစ်ဆေးနိုင်ပြီး အချက်ပြမှတ်တမ်းကိုကြည့်ရှုနိုင်ပါသည်။
  • Smart Hub Connection Test: ယခုစစ်ဆေးမှုသည် ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှုကို စစ်ဆေးပေးနိုင်ပါသည်။ DNS ၊ ISP နှင့် Blocking စစ်ဆေးမှု စသည်တို့လုပ်ဆောင်ရန် မိနစ်အနည်းငယ်ကြာနိုင်ပါသည်။
  • Reset Smart Hub: သင့်တီဗီတွင်သိမ်းဆည်းထားသည့် Smart Hub ဆက်တင်များ ၊ ဒေါင်းလုဒ်ထားသည့် အက်ပလီကေးရှင်းနှင့် အကောင့်တို့ကို လျို့ဝှက်နံပါတ်ဖြင့် မူလအတိုင်းထားရှိနိုင်ပါသည်။

မှတ်ချက် : 

  • စစ်ဆေးမှုတွင်ပြထားသည့် ရုပ်သံများသည့် သင့်တီဗီမှ ပေးစွမ်းနိုင်သည့် အကောင်းဆုံးအရည်အသွေးဖြစ်ပါသည်။ သို့သော် အသုံးပြုထားသည့် ပင်မအရင်းအမြစ်အပေါ်မူတည်၍ အရည်အသွေးကွဲပြားနိုင်ပါသည်။
  • စစ်ဆေးရာမှ ပြဿနာတွေ့ရှိပါက တီဗီတွင် ပြဿနာရှိနေနိုင်ပါသည်။ အကူအညီရယူရန် Samsung Support ထံ ဆက်သွယ်ပါ။

မှတ်ချက် : ပြသထားသည့် ပုံနှင့် စာများသည် English ဘာသာစကားဖြင့် နမူနာအဖြစ်ပြထားသော်လည်း သင်ရွေးချယ်သော ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ