သင့် Samsung Smart TV တွင် Remote Access အသုံးပြုနည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 25.09.2020

တီဗီအား ကွန်ပြူတာ သို့မဟုတ် လက်ပ်တော့နှစ်ခုအဖြစ်ခွဲလိုသည့် ဆန္ဒမျိုး သင့်တွင်ရှိပါကသင့်ဆန္ဒများကို Samsung Smart TV မှ ဖြည့်ဆည်းပေးလိုက်ပါပြီ။ PC တွင်ပြထားသည်များကိုမျှဝေရန် သို့မဟုတ် MS Office 365 ကိုဝင်ရန်လိုအပ်သည့်အခါတွင် သင့် PC အား TV ဖြင့် အဝေးမှ ထိန်းချုပ်နိုင်သည့် လွယ်ကူသောနည်းလမ်းရှိပါသည်။

သင့်အိမ်တွင် အလုပ်လုပ် ၊ သင်ယူနိုင်ရန်အတွက် Remote Access ကိုသုံးပါ။

နေ့ရက်တွေပြောင်းလဲလာသည်နှင့်အမျှ TV တွင်လုပ်ဆောင်နိုင်သည့်အရာများသည် ပို၍ပို၍ တိုးတက်လာပါသည်။ TV ကိုယ်တိုင်က များစွာသော လုပ်ဆောင်ချက်တွေထောက်ပံ့ပေးထားသည့်အတွက် သင့်ကွန်ပြူတာကို တီဗီတွင်အသုံးပြုနိုင်လာသည့်အခါ သင်လုပ်နိုင်သည့်အရာများသည် ပိုမို ကျယ်ပြန့်လာပါမည်။ PC remote access နှင့် PC ကူးယူခြင်းအပြင် MS Office 365 ကို သင့်တီဗီပေါ်တွင် တိုက်ရိုက်ဖွင့်၍ အလုပ်လုပ်နိုင်ပါပြီ။ Remote Access တွင်ရရှိနိုင်သည့် လုပ်ဆောင်ချက်များကိုကြည့်ပါ။

တီဗီမှ Remote Access ကိုသုံးသည့် ချိတ်ဆက်မှုနည်းလမ်း သုံးမျိုး။

Remote Access တွင် အခြေခံလုပ်ဆောင်ချက် သုံးမျိုး ရရှိနိုင်ပါသည်။ သင့်အနေဖြင့် IP ကွန်ယက်ကိုအသုံးပြု၍ သင့် PC ကိုထိန်းချုပ်ခြင်း ၊ PC သို့မဟုတ် စမတ်ဖုန်းဖြင့် တူညီသော Wi-Fi ကွန်ရက်တွင် Screen Sharing လုပ်နိုင်ခြင်း ၊ TV ဘရောက်ဇာမှတိုက်ရိုက် Office 365 တို့ကိုဝင်ရောက်နိုင်သည့် Remote PC တစ်ခု​ဖြစ်သည်။ 

Remote access ဖြင့် အသုံးပြုကြပုံ ၃ မျိုး

Remote PC လုပ်ဆောင်ချက်သည် သင့် PC အား Smart TV မှနေ၍ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ပေးပါသည်။ ပထမဆုံးအနေဖြင့် Remote PC လုပ်ဆောင်ချက်ကို သုံးရန်အတွက် သင့် PC ၏ IP လိပ်စာ ၊ အမည်နှင့် လျို့ဝှက်နံပါတ်ကို မှန်ကန်စွာသိထားရန်လိုအပ်ပါသည်။ သင့်တီဗီတွင် ကီးဘုတ်နှင့်မောက်စ် ကိုသေချာစွာတပ်ထား၍ TV မှနေ၍ သင့် PC ကိုဝင်ရောက်နည်း တွင်ပါရှိသည့် လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပါ။

Remote PC သို့ချိတ်ဆက်နည်း။

အဆင့္ ၁။ Smart Hub တွင် Source ကိုရွေး၍ Remote Access ကိုရွေးပါ။

Remote Access Setting စာမျက်နှာ

အဆင့် ၂။ Remote Access ထဲမှ Remote PC ကိုရွေးပေးပါ။

Remote Access ထဲမှ Remote PC

အဆင့် ၃။ သင့်ကွန်ပြူတာ၏ IP လိပ်စာ ၊ အမည်နှင့် လျို့ဝှက်နံပါတ်ကို ဖြည့်ပေးပါ။

Remote PC သို့ချိတ်ဆက်ခြင်း

မှတ်ချက်: ယခုလုပ်ဆောင်ချက်သည် ၂၀၁၉ နှင့် နောက်ပိုင်းထွက်ရှိထားသည့် TV မော်ဒယ်များတွင်သာ ရနိုင်ပါသည်။ သင့်တီဗီနှင့်ကွန်ပြူတာတို့ကို ကွန်ယက်တစ်ခုနှင့် ချိတ်ဆက်ထားရပါမည်။

ချိတ်ဆက်မည့် PC တွင် Remote Desktop Activation ကို အမှန်ခြစ်ပေးပါ။

သင့် PC တွင် Remote Desktop ဆက်တင်ကို သေချာစွာဖွင့်ထားရန်လိုအပ်ပါသည်။ သင့် PC control panel မှ System ကိုဝင်၍ Remote Desktop ကိုရွေးပြီးပါကRemote Desktop Activation အတွက် activate ကိုပြောင်းပေးပါ။

Remote Desktop စတင်ရန်အတွက် PC ဆက်တင်များ

ထောက်ပံ့ပေးထားသည့် အခြေအနေ 

Window: Win10 Home မှလွဲ၍ Window 7 Professional သို့မဟုတ် RDP(Remote Desktop Protocol) မြင့်မှသာ အသုံးပြုနိုင်ပါသည်။

MAC: MAC OSX 10.5 သို့မဟုတ် VNC(Virtual Network Computing for Mac) မြင့်မှသာ အသုံးပြုနိုင်ပါသည်။

မှတ်ချက်- 

  • VNC ကိုသုံးထားသော MAC PC ချိတ်ဆက်မှု အရမ်းနှေးနေပါက အက်ပလီကေးရှင်းထည့်ခြင်းနှင့် ပုံရိပ်ဖြန့်ကျက်နှုန်းလျှော့ချခြင်းမျိုးလုပ်ရန် လိုအပ်ပါသည်။
  • VNC အတွက် အသံထောက်ပံ့မှုမရှိပါ။ (ကန့်သတ်မှု မူဝါဒအရ)
  • Identical AP အသုံးပြုခြင်း စည်းမျဉ်းအရသာ ထောက်ပံ့ပေးသည်။ IP ဝင်ရောက်မှုမရှိဘဲ Identical AP တွင်ပါနေသည့် IP များအတွက်သာ။
  • PC ဆက်တင်တွင် ‘Allow remote control’ ကိုနှိပ်ရမည်ဖြစ်ပြီး Linux တွင်တော့ သုံး၍မရနိုင်ပါ။

Remote Access တွင် Wi-Fi Direct တပ်ဆင်ထားပြီး အထစ်အငေါ့မရှိ TV နှင့် PC ကြားတွင် စခရင်မျှဝေမှု လုပ်ဆောင်နိုင်ပါသည်။ သင့် PC စခရင်ကို TV မှာပြချင်တာဖြစ်ဖြစ် ၊ TV ကို PC မှာကြည့်ချင်တာဖြစ်ဖြစ် စခရင်မှာပြထားသည့်အတိုင်း သင့်ဆက်တင်ကိုချိန်ညှိပြီး TV နှင့် ကွန်ပြူတာကို Wi-Fi ဖြင့်ချိတ်ဆက်ပါ။

Screen Share ဖွင့်နည်း သင့် 

အဆင့္ ၁။ PC ၏ taskbar အချက်ပေးနေရာတွင် Management Center သို့မဟုတ် Device ကိုရွေးပါ။

PC တစ်ခုရှိ taskbar

အဆင့် ၂။ Connect သို့မဟုတ် Project ကိုရွေးပြီးပါက ချိတ်ဆက်မှုအောင်မြင်ရန် သင့် TV ကိုရွေးပေးလိုက်ပါ။

PC ပေါ်တွင် TV ရွေးခြင်း

မွတ္သားရန္ - 

  • Screen Sharing ကို Window 10 Professional သို့မဟုတ် နောက်ပိုင်းဗားရှင်းများတွင်သာ ရနိုင်သည်။ 
  • လက်ရှိအတိုင်း PC စခရင်ကိုဖမ်းယူ၍ TV တွင်ဖွင့်နိုင်ရန် re-encoded လုပ်ထားသဖြင့် ရုပ်ပုံအရည်အသွေးကန့်သတ်ချက်မရှိပါ။

MS Office 365 ဝက်ဘ်ပေ့ချ်အား Remote Access လုပ်ဆောင်ချက်ဖြင့် ဝင်ရောက်နိုင်ပြီး Word , Excel နှင့် PowerPoint များကို တည်းဖြတ်နိုင်သည်။ ယခုလုပ်ဆောင်ချက်သည် TV တွင်ပါရှိသည့် ဘရောက်ဇာမှ Cloud Service ကိုအခြေခံပါသည်။ ထို့ကြောင့် OS ကန့်သတ်မှု မရှိပါ။

Office 365 သို့ဝင်ရောက်နည်း

အဆင့် ၁ Remote Access မှ Office 365 ကိုရွေးပါ။

Office365 ဝင်ရန် remote access ပင်မစာမျက်နှာ

အဆင့် ၂။ သင့် Microsoft Office အကောင့် အမည်နှင့် လျို့ဝှက်နံပါတ်ကိုရိုက်ထည့်ပါ။

Office 365 အကောင့်ဝင်ရန်

မှတ်ချက်: Samsung One UI ဖောင့်မှ ထောက်ပံ့မပေးထားသော အက္ခရာများဖြင့် သုံး၍ရနိုင်မည်မဟုတ်ပါ။ 

မှတ်ချက်: စခရင်ပုံများနှင့် မီနူးများကို နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်ရွေးချယ်ထားသော ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ