၂၀၂၀ မော်ဒယ်၏ သစ်လွင်သော စွမ်းဆောင်ရည်အသစ်များနှင့် မိတ်ဆက်လိုက်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 25.09.2020

၂၀၂၀ Samsung စမတ် တီဗီသည် ကြည့်ရှုသူများကို သစ်လွင်သောအတွေ့အကြုံမျိုးပေးနိုင်ရန် ဒီဇိုင်းအသစ် ၊ နည်းပညာအသစ်တို့ကို ပေါင်းစပ်ထားပါသည်။ နောက်ထပ်လည်း စခရင်ကိုအနည်းငယ်စောင်းထားသည့် Infinity Design ၏ ကျေးဇူးကြောင့် flagship model Q900 နှင့် Q950 တွင် အကောင်းဆုံး စီးမျောခံစားရမှုကိုပေးစွမ်းနိုင်ပါသည်။

Q-Symphony ဖြင့် စီးမျောချင်စရာအသံစနစ် အတွေ့အကြုံ

များသောအားဖြင့် စပီကာကို ဖွင့်လိုက်သည့်အချိန်တွင် တီဗီအသံစနစ်သည် အလိုအလျောက် ပိတ်သွားပါလိမ့်မည်။ သို့သော် Q-Symphony သည် တီဗီနှင့် စပီကာကို တစ်ညီတည်းအသံထွက်စေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ ရလဒ်အဖြစ် ပိုမိုကောင်းမွန်သော အသံကို တွေ့ကြုံခံစားရနိုင်ပါသည်။


TV သည် စပီကာမှ ထုတ်လွှတ်လိုက်သည့် ဗီဒီယိုနှင့် အသံ ဆစ်ဂနယ်များကို မည်သည့်အသံက စကားပြောသူထုတ်လွှတ်သည်နှင့် မည်သည့်အသံက ဉာဏ်ရည်တုမှ ထုတ်လွှတ်သည် စသည်ဖြင့် ခွဲခြားသတ်မှတ်ပေးပါသည်။

Q-Symphony အပိတ်နှင့် အဖွင့်ယှဉ်ပြထားချက်

မှတ်ချက် -

  • ၂၀၂၀ ခုနှစ်ထုတ် Q80T တီဗီမော်ဒယ်(Q80 49” မော်ဒယ်မှလွဲ၍) နှင့် Q60T စပီကာ မော်ဒယ်နှင့် နောက်ပိုင်းမော်ဒယ်များမှာသာ ရရှိနိုင်ပါသည်။
  • Optical ချိတ်ဆက်မှု သို့မဟုတ် HDMI ဖြင့်သာ ရရှိနိုင်ပါသည်။

စပီကာကို သေချာစွာဖွင့်ထားပါ။ ထို့နောက် Sound Output ထဲတွင် သင့်စပီကာကို ချိတ်ဆက်ပေးပါ။
စပီကာနှင့်ချိတ်ဆက်သွားပါက အသံသည် တီဗီနှင့် စပီကာတို့မှ အလိုအလျှောက် တစ်ညီတည်းထွက်လာပါလိမ့်မည်။

 

အဆင့္ ၁။ သင့် တီဗီရီမု မှ Home ခလုတ်ကိုနှိပ်ပြီး Setting ကိုရွေးပေးပါ။

စပီကာ ဖော်ပြထားပုံ

အဆင့် ၂။ Sound ကိုရွေး၍ Sound Output ကိုရွေးပါ။

စပီကာစာရင်းအား ရွေးချယ်ပြနေပုံ

အဆင့် ၃။ Q-Symphony နှင့် သင်ချိတ်ဆက်လိုသော စပီကာကို ရှာ၍ ရွေးပေးပါ။(ဥပမာ. တီဗီ + စပီကာ[စပီကာအမည်])

စပီကာအားရွေးချယ်ပြနေပုံ

မှတ်ချက်: စခရင်ပုံများနှင့် မီနူးများကို နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်ရွေးချယ်ထားသော ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

သက်တောင့်သက်သာရှိသော လူနေမှုဘ၀ကို Digital Butler ဖြင့် ခံစားလိုက်ပါ။

Samsung Smart TV တွင်ပါရှိသည့် Digital Butler ဆိုသည်မှာ သင့်တီဗီနှင့် ချိတ်ဆက်ခဲ့သည့် ကိရိယာနှင့်အသုံးအဆောင်များအားလုံးကို တစ်ခါတည်းကြည့်ရှုနိုင်ပြီး တီဗီနှင့်ချိတ်ဆက်နိုင်အောင် လုပ်ဆောင်ပေးပါသည်။ Digital Butler သည် ချိတ်ဆက်ခဲ့သည့် ကိရိယာအားလုံးကို စုဆောင်းထားပေးနိုင်ပြီး တစ်ချက်တည်းဖြင့် စခရင်အကြီးကြီးမှာ တစ်ခါတည်းပြသပေးနိုင်သည့်အတွက် သင့်ဘ၀ကို ပိုမိုအဆင်ပြေစေနိုင်မယ်လို့ ကျွန်ုပ်တို့ယုံကြည်ပါသည်။


ယခုခေတ်မှာတော့ အိမ်သုံးပစ္စည်းအမျိုးမျိုးတောင်မှ Bluetooth, BLE နှင့် Wi-Fi တို့လို ချိတ်ဆက်မှုနည်းပညာတွေ ပါဝင်လာကြပါပြီ။ နေရာတိုင်းမှာနည်းပညာ ပထမဆုံး သင်ဟာ Digital Butler ဖြင့် သင်ချိတ်ဆက်ခဲ့သည့် ကိရိယာများကိုထိန်းချုပ်နိုင်မှာဖြစ်ပါသည်။ Digital Butler သည် အသုံးအဆောင်များကို အလိုအလျောက်ချိတ်ဆက်မည်ဖြစ်သဖြင့် အမျိုးအစားခွဲရန် အာရုံစိုက်စရာလိုတော့ပါဘူး။ တီဗီရဲ့ IR ဆစ်ဂနယ်ကိုအသုံးပြုပြီး နည်းပညာပစ္စည်း အထွေအထူးမပါသည့် ဟောင်းနေသည့်ပစ္စည်းများကိုပါ Digital Butler ဖြင့် ထိန်းချုပ်နိုင်ပါသည်။

Digital Butler ရှိသော ဧည့်ခန်း

မှတ်ချက် : ဝန်ဆောင်မှုကို ယခုဝယ်ယူပြီး ယခုချက်ချင်းရရှိမည်မဟုတ်ပါ။ Digital Butler သည် အချို့ပစ္စည်းများတွင် ရရှိချင်မှ ရရှိနိုင်ပါမည်။

2020 ခုနှစ်ထုတ် Digital Butler ပါသည့် TU8000 အထက် တီဗီမော်ဒယ်များ။

 

  • QLED 8K စီးရီး : Q950TS, Q900TS, and Q800T
  • QLED 4K စီးရီး : Q90T, Q80T, Q70T, and Q60T
  • Crystal UHD စီးရီး : TU8000

 

Galaxy စီးရီးဖုန်းများ ၊ S6 မော်ဒယ်အထက်

 

  • Galaxy S စီးရီး : S6/S6 edge/S6 edge+, S7/S7 edge, S8/8+, S9/9+, S10/10+/10e/10 5G, S20/20+/20 Ultra
  • Galaxy Note စီးရီး : Note 5/FE/8/9/10/10+ 
  • Galaxy Fold နှင့် Galaxy Z Flip
  • Galaxy A စီးရီး : (‘16) A3/5/7/8/9/9 Pro, (‘17) A3/5/7, (‘18) A6/6+/6s/7/8/8+/8 Star/9, (‘19) 01/51/71/2/10e/10/10s/20e/20/20s/30/30s/40/50/50s/60/70/70/70s/80/90
  • Galaxy M စီးရီး : M10, M20, M30, M40
  • Galaxy J စီးရီး : (‘16) J1/2/3/5/7,(‘17) J3/5/7 (‘18) J2Pro/3/4/8
  • Galaxy Tab : (‘16) A10.1, (‘17) A8.0, S3/4/5e/6, A8.0/10.1 Pen, A
    10.501/51/71/2/10e/10/10s/20e/20/20s/30/30s/40/50/50s/60/70/70s/80/90


*SmartThings ကို ထည့်သွင်းထားသော Android ဖုန်းများတွင်လည်း အသုံးပြု၍ ရနိုင်ခြေရှိပါသည်။

 

iPhone စီးရီးများ ၊ iOS 7.1 နှင့်အထက်

 

  • iPhone : iPhone 4S နှင့် iOS 7.1 နှင့်အထက်ရှိသောဖုန်းများ
  • iPad : iPad2, iPad Air နှင့်အထက် , iPad Pro series, iPad mini 2 နှင့်အထက်
  • iPod Touch : iPod Touch 5th generation နှင့်အထက်


ပစ္စည်းအဟောင်း ( IR sniffing )

 

  • အဲယားကွန်း ( Samsung, Carrier, Daikin, Lennox, LG, Mitsubishi Electric )
  • လေသန့်စင်စက် (Samsung, Airmate, Amway, Cairs, Dyson, LG)
  • စက်ရုပ်ဖုန်စုပ်စက် (Samsung, Bobsweep, Ecovas, Hoover, iRobot, LG)
  • စိုထိုင်းမှုထိန်းစက် (Bionaire, Daewoo, Dyson, Lasko, Winia)
  • လျှပ်စစ်ပန်ကာများ ( Samsung, Airmate, Balmuda, Bionaire, Dyson, Hanil, Hitachi, Honeywell, Lasko, Rowenta, Shinil )

 

Bluetooth ပစ္စည်းများ

 

  • စပီကာ ၊ နားကြပ်နှင့် ဆောင်းဘောက်စ်များ ( Bluetooth A2DP profile )
  • ကီးဘုတ် ၊ မောက်စ်နှင့် ဂိမ်းစက်များ ( Bluetooth HID profile )


SmartThings ပစ္စည်းများ

 

  • ထောက်ပံ့ပေးထားသော ပစ္စည်းစာရင်းအပြည့်အစုံကို SmartThings ဝက်ဘ်ဆိုဒ် တွင်ရရှိနိုင်ပါသည်။ လင့်ခ် (https://www.smartthings.com/products)


*ရနိုင်သောနိုင်ငံများ ယူအက်စ်အေ ၊ ကနေဒါ ၊ ဂျာမနီ ၊ စပိန် ၊ ယူကေ ၊ အီတလီ ၊ ဆွီဒင် ၊ ကာတာ ၊ ဟောင်ကောင် ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဒိန်းမတ် ၊ ဖင်လန် ၊ နော်ဝေ ၊ တူရကီ ၊ တရုတ် ၊ ဩစတြေးလျ ၊ နယူးဇီလန် ၊ မက္ကဆီကို ၊ ချီလီ ၊ တောင်အာဖရိက

 

အဓိကစက်များ

 

  • DVD စက်နှင့် Blu-ray စက်
  • အိမ်တွင်းရုပ်ရှင်ရုံနစ်
  • ဂိမ်းခလုတ်များ
  • OTT boxes နှင့် Set-Top boxes များ
  • USD မမ်မိုရီပစ္စည်းများ

 

*အဓိကစက်ပစ္စည်းကို HDMI သို့မဟုတ် USB နှင့် ချိတ်ဆက်ထားရပါမည်။

2020 အစောင်းဒီဇိုင်းကို ခံစားကြည့်ပါ။

Samsung flagship မော်ဒယ်သည် တိုးတက်လာသော စွမ်းဆောင်ရည်အပြင် လုံး၀အထင်ကြီးလောက်စရာ ဒီဇိုင်းကိုပါ ပေးစွမ်းထားပါသည်။ 8K Q900 / 950 စီးရီးများမှာ Infinity Design ကိုအခြေခံထားသည့် ပထမဆုံး Samsung တီဗီများဖြစ်ပါသည်။ ဒီဇိုင်းအသစ်၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုကတော့ တပ်ဆင်ချိန်တွင် ထောက်တိုင်ဖြင့် နောက်ကို ၃.၅ ဒီဂရီစောင်းထားရန် ဒီဇိုင်းထုတ်ထားပါသည်။ ထို့ကြောင့် နေရာအနိမ့်တွင် စခရင်အကြီးကြီးတပ်ထားချိန်မှာ ကြည့်ရှုသူအား ပြတ်သားသည့် ရှုထောင့်ကိုပေးစွမ်းနိုင်ပါသည်။

မှတ်ချက်: အစောင်းဒီဇိုင်းကို ၂၀၂၀ ခုနှစ်ထုတ် Q900 / 950 များတွင်သာ ပါဝင်ပါသည်။

အမြင့်ဆုံးအာရုံစိုက်နိုင်ရန် ဒီဇိုင်းလုပ်ဆောင်ချက်များ

အစောင်းဒီဇိုင်းကို အကောင်းဆုံးပုံရိပ်အရည်အသွေး ရရှိရန်သာ မဟုတ်ဘဲ စခရင်အကြီးအတွက် အကောင်းဆုံး ရှုထောင့်အပြင် စခရင်ကိုအာရုံစိုက်နိုင်မှုနှုန်း မြင့်တက်လာစေနိုင်ရန်အတွက် အသုံးပြုထားပါသည်။ အောက်ဖော်ပြပါပုံသည် လူတစ်ဦးနောက်သို့မှီနေပုံ နှင့် ဘာကြောင့် ဒီလိုဒီဇိုင်း လုပ်ထားသလဲဆိုတဲ့ သရုပ်ပြပုံပါ။ ကြည့်ရှုသူ၏ မျက်လုံးများသည် စခရင်နှင့် ၉၀ ဒီဂရီတွင် ရှိပါသည်။

နောက်စောင်းစခရင်၏ ရှုထောင့်

တီဗီအစောင်းကို တည့်ဖို့မကြိုးစားပါနှင့်

Q900/950 စီးရီးများသည် နောက်သို့အနည်းငယ်စောင်းနေသည့် ဒီဇိုင်းထုတ်လုပ်ထားသည့်အတွက် စခရင်ထိပ်ပိုင်းသည် အောက်ပိုင်းထက် အနည်းငယ် နောက်သို့ရောက်နေပါမည်။ ဒါက ကုန်ပစ္စည်းရဲ့သဘော သဘာ၀ပါ 
နောက်လှန်နိုင်သည့်ပမာဏကိုလည်း အသေတပ်ဆင်ထားသောကြောင့် ချိန်ညှိ၍မရနိုင်ပါ။


အန္တရာယ်များပြီး တီဗီတွင် မတည်မငြိမ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် ပြန်လည်ပြင်ဆင်ခြင်း အပြင် တီဗီအောက်ခြေတို့နှင့် ချိန်ညှိရန်ကြိုးစားခြင်းတို့ကို မလုပ်ပါနှင့်။

အစောင်းစခရင်နှင့်ပက်သက်၍ သတိပြုစရာ

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ