Tap View နှင့် Multi View တို့ကို ဘယ်လိုသုံးမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 25.09.2020

Tap View နှင့် Multi View တို့သည် စခရင်မျှဝေခြင်းအတွက် သုံးရလွယ်ကူသော လုပ်ဆောင်ချက်ဖြစ်သည်။ Tap View သည် သင့်ဖုန်းအား တစ်ချက်နှိပ်ရုံဖြင့် TV တွင် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးပြီး Multi View သည် သင့်အား စခရင်ခွဲကြည့်ခြင်းနှင့် အချက်အလက်များကို တစ်ချိန်တည်းတွင် ပုံစံမျိုးစုံဖြင့်ကြည့်နိုင်ရန် အဆုံးမရှိသောဖြစ်နိုင်ခြေများပေးစွမ်းပါသည်။ အသုံးပြုသူသည် ကြည့်ချင်သောအချက်အလက်များကို စခရင်ကို ကျယ်ပြန့်များပြားစွာ ကြည့်ရှုနိုင်ပါသည်။

တီဗီတွင် ဖုန်းစခရင် ကူးရန် သင့်ဖုန်းအားနှိပ်ပါ



သင့်ဖုန်းမှ တီဗီသို့ ဓာတ်ပုံနှင့် ဗီဒီယိုကဲ့သို့ အချက်အလက်များကို လွှဲပြောင်းလိုပါက တီဗီနားကိုသာ ယူသွားလိုက်ပါ။ သင်အနည်းငယ်ထိရုံမျှဖြင့် ချက်ခြင်းကူးယူထားပါသည်။ ၎င်းတို့အားလုံးမှာ Tap View ဖြစ်သည်။ သင့်နေ့စဉ်ဘ၀ရဲ့ ပျော်စရာအတွေ့အကြုံတွေကို ပိုလွယ် ၊ ပိုမြန် ၊ ပိုအဆင်ပြေပြီး ပိုလွယ်သည့် စခရင်ကူးယူခြင်းကို Wi-Fi သို့မဟုတ် ဒေတာဖြင့် ချိတ်ဆက်စရာမလိုပါဘူး။

 

မတော်တဆ ဖျက်စီးမိခြင်း မဖြစ်စေရန် သေချာဖြည်းညှင်းစွာနှိပ်ပါ။ ထို့နောက် သင့်ဖုန်းဖြင့် တီဗီထောင့်သို့နှိပ်ခြင်းနှင့် တီဗီစခရင်ပေါ်တွင် တိုက်ရိုက်နှိပ်ခြင်းကို မပြုလုပ်ပါနှင့်။ လိုအပ်ပါက သင့်ဖုန်းကို ပိုမိုလုံခြုံစေရန် ဖုန်းကာဗာလည်း တပ်လို့ရပါသည်။ အကောင်းဆုံးရလဒ်ဖြစ်စေရန်အတွက် သင့်တီဗီ၏ အပေါ် သို့မဟုတ် ဘေးဘက်ကိုနှိပ်သင့်ပါသည်။

အမျိုးသမီးတစ်ဦး တီဗီပေါ်တွင် ဖုန်းသုံးနေခြင်း

မှတ်ချက် : TU7000 နှင့်အထက်ရှိသော တီဗီမော်ဒယ်များတွင်သာ ရရှိနိုင်ပါသည်။ ( Lifestyle / Ourdoor တီဗီအပါအဝင်ဖြစ်သည်။) Samsung Galaxy မော်ဒယ်များတွင်လည်းရနိုင်ပါသည်။ ( Android 8.1 နှင့်အထက်)

Tap View ကိုအသုံးပြုရန် သင့်ဖုန်းအတွင်းရှိ SmartThings အက်ပလီကေးရှင်းတွင် Tap View လုပ်ဆောင်ချက်ကို ဖွင့်ရန်လိုအပ်ပါသည်။အဆင့် 

အဆင့် ၁။ သင့်ဖုန်းတွင် SmartThings အက်ပလီကေးရှင်းကိုဖွင့်ပြီးပါက Menu ဆိုသည့်နေရာကို နှိပ်ပေးပါ ( အလျားလိုက်မျဉ်း သုံးကြောင်း)

အဆင့် ၂။ ဆက်တင်ကို နှိပ်၍ Tap View ကိုရှာပါ။ ဖွင့်ရန်နှိပ်ပေးပါ။

အဆင့် ၃။ သင့်ဖုန်းကို တီဗီနားသို့ယူလာပြီးသည့်နောက် ဖုန်းတွင် လက်ရှိအခြေအနေကို သတိပေးစာတက်လာပါက Allow ကိုနှိပ်ပါ။

SmartThings အက်ပလီကေးရှင်းဖြင့် Tap View ကိုဖွင့်ပြထားပုံ

မွတ္သားရန္ -

  • Tap View ကိုအသုံးပြုရန်အတွက် သင့် SmartThings အက်ပလီကေးရှင်းကို ဗားရှင်း 1.7.45 နှင့်အထက် တင်ထားရန်လိုအပ်ပါသည်။ Google Play Store သို့မဟုတ် Apple App Store တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပါသည်။
  • စခရင်ကူးယူခြင်းစသည်နှင့် ပါဝါမုဒ် တွင် ပါဝါချွေတာခြင်းကို ပိတ်ထားရန်လိုအပ်ပါသည်။
  • SmartView ကို သင့်တီဗီတွင် ခွင့်ပြုထားရန် သေချာစွာလုပ်ဆောင်ပါ။ (Settings > General > External Device Manager > Device Connect Manager > Access Notification)

မတော်တဆ ဖျက်စီးမိခြင်း မဖြစ်စေရန် သေချာဖြည်းညှင်းစွာနှိပ်ပါ။ ထို့နောက် သင့်ဖုန်းဖြင့် တီဗီထောင့်သို့နှိပ်ခြင်းနှင့် တီဗီစခရင်ပေါ်တွင် တိုက်ရိုက်နှိပ်ခြင်းကို မပြုလုပ်ပါနှင့်။ လိုအပ်ပါက သင့်ဖုန်းကို ပိုမိုလုံခြုံစေရန် ဖုန်းကာဗာလည်း တပ်လို့ရပါသည်။ အကောင်းဆုံးရလဒ်ဖြစ်စေရန်အတွက် သင့်တီဗီ၏ အပေါ် သို့မဟုတ် ဘေးဘက်ကိုနှိပ်သင့်ပါသည်။

  • စခရင်နှင့် တီဗီထောင့်များကို မနှိပ်ပါနှင့်။
  • သင့်ဖုန်းကို ကာဗာတပ်ထားပြီး အပြင်ဘက်ဘောင်ကို ဖြည်းညှင်းစွာနှိပ်ပေးပါ။
နှိပ်ရာတွင်သတိပြုပါ

စခရင်အကြီးပေါ်မှ Multi View

Multi View သည် သင့်တီဗီပေါ်တွင် အကြောင်းအရာနှစ်ခုကို တစ်ပြိုင်တည်းကြည့်နိုင်စေပါသည်။ ဘယ်ဘက်စခရင်တွင် STB ကဲ့သို့ သတင်းရစ်မြစ်များ , tv tuner, အက်ပလီကေးရှင်းများ ၊ Blu-ray စက်များသို့မဟုတ် ဂိမ်းခလုတ်များကို ညာဘက်စခရင်တွင် ဖုန်းကိုကြည့်နေရင်းဖြင့် ကြည့်ရှုနိုင်ပါသည်။ သင့်ကိရိယာကိုချိတ်ဆက်ပြီး အရွယ်အစားနှင့် အသံဆက်တင်ကို စိတ်ကြိုက်ထားရှိပါ။ QLED TV ရဲ့ စခရင်ကြီးနှင့် Multi-tasking လုပ်ရတာ လွယ်ကူရိုးရှင်းပါတယ်။

နှစ်ခုခွဲထားသည့် Multi View စခရင်

မှတ်ချက် : TU8500(NIKE-L) နှင့်အထက် မော်ဒယ်များသာ ရရှိနိုင်ပါသည်။

သင့်တီဗီတွင်ချိတ်ဆက်ထားသည့် ကိရိယာအလိုက် Multi View သုံးနည်းများမှာ ကွဲပြားပါသည်။


ဥပမာအားဖြင့် သင့်ဖုန်းသို့မဟုတ် ကွန်ပြူတာကို Multi View တွင်ကြည့်မည်ဆိုပါက ကိရိယာကို စခရင်မျှဝေခြင်းနှင့် ချိတ်ဆက်လိုက်ရုံပါပဲ။ ( OS အလိုက်ကွဲပြားခြင်းများ : Smart View/Screen mirroring/Airplay2/Project to a screen) ထို့အပြင် ဂိမ်းခလုတ်များကဲ့သို့ ပြင်ပကိရိယာများ၏ စခရင်ကို Multi View မှ ကြည့်လိုပါက Select Content Menu ကိုသွား၍ စာရင်းထဲမှ ချိတ်ဆက်လိုသည့် ကိရိယာကိုရွေးပေးပါ။ အောက်တွင် Multi View စခရင်ပေါင်းထားသည်များကိုကြည့်ရှုနိုင်ပြီး သင့်အနေဖြင့်လည်း စခရင်တစ်ခုချင်းစီတွင်ပါဝင်သည်များကို စခရင်၏ ဘယ်ညာ ဘက်များကိုရွေး၍ ရွေးချယ်တပ်ဆင်နိုင်ပါသည်။

Multi View စခရင်ချိန်ညှိခြင်း
  • Select Content : စခရင်၏ ဘယ် သို့မဟုတ် ညာဘက်တွင်ပြမည့်အရာကိုရွေးပါ။
  • Watch Mobile/Camera: စခရင်ကူးယူခြင်းဖြစ်စေ သင့်ဖုန်းတွင်ရှိသည်များကို တီဗီ စခရင်သို့တင်မည်ဖြစ်စေ သင့် Android ဖုန်းတွင်ပါသည့် Screen mirror သို့မဟုတ် iOS ဖုန်းတွင်ပါသည့် AirPlay2 ကိုနှိပ်၍ Smart View ဖြင့်လုပ်ဆောင်နိုင်ပါသည်။ Project မှ Laptop သို့မဟုတ် PC စခရင်ကို စခရင်လုပ်ဆောင်ချက်ဖြင့် ကူးယူပါ။ ချိတ်ဆက်ထားသည့် SmartThings ကင်မရာ ကိုရွေးပါ သို့မဟုတ် ချိတ်ဆက်ထားသည့် Webcam ကိုရွေးနိုင်ပါသည်
  • ။ စခရင်အရွယ်အစား သင်လိုအပ်သည့်အတိုင်း စခရင်နှစ်ခုလုံး၏ အရွယ်အစားကို ချိန်ညှိပါ။ ချက်ချင်းရနိုင်ရန်အတွက် ညာအပေါ်ထောင့်ရှိ ဝင်းဒိုးအသေးလေးတွင် နေရာပေးခြင်း သို့မဟုတ် ညီညီမျှမျှကြည့်နိုင်ရန် နှစ်ခုခွဲကြည့်သည့်မြင်ကွင်းကို အသုံးပြုနိုင်ပါသည်
  • ။PIP(ဓာတ်ပုံထဲမှဓာတ်ပုံ) နေရာ : မူလစခရင်တွင်ဖော်ပြထားသည့်အချိန်တွင် စခရင်အသေးအတွက် နေရာကိုရွေးချယ်ပေးပါ။ ဘယ်အပေါ်ထောင့်နှင့် ညာအပေါ်ထောင့် သို့မဟုတ် ဘယ်အောက်ထောင့်နှင့် ညာအောက်ထောင့်တို့တွင် စခရင်အသေးအတွက် နေရာရွေးချယ်နိုင်ပါသည်။ သင်ထားသည့်နေရာကို သဘောမကျပါက နောင်တွင် ပြန်ပြောင်းနိုင်ပါသည်
  • ။Sound Output: ဝင်းဒိုးတစ်ခုစီတွင် သင့် Bluetooth သို့မဟုတ် Wireless စပီကာဖြင့် ချိတ်ဆက်ပါ။ လူနှစ်ဦးသည် စခရင်တစ်ခုချင်းစီကို နားကြပ် သို့မဟုတ် နားအုပ်နားကြပ်များဖြင့် နားဆင်နိုင်ပါသည်
  • ။အသံဖြန့်ကျက်ခြင်း စခရင်နှစ်ခုမှ အသံကို တစ်ပြိုင်တည်းနားထောင်လိုပါက ယခုရွေးချယ်မှုကို ရွေးပေးပါ။ တီဗီနှင့် ပြင်ပစပီကာများသည် အသံကိုတစ်ထပ်တည်း ဖွင့်ပေးပါလိမ့်မည်။

မှတ်ချက် : စခရင်ပုံများနှင့် မီနူးများကို နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်ရွေးချယ်ထားသော ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

Multi View အတွက် စခရင်အမျိုးအစား ၃ မျိုး
  1. Mobile Screen : သင့်ဖုန်းစခရင်အား ဖမ်းယူထားပါက ဖမ်းယူထားသည့် ဖုန်းကို Multi View ၏ ညာဘက်စခရင်တွင်တွေ့နိုင်ပါသည်။ ဓာတ်ပုံ ၊ ဗီဒီယိုနှင့် မက်ဆေ့ချ်များကိုလည်း ပိုကြီးသည်းစခရင်ပေါ်တွင် ဖမ်းယူကြည့်ရှုနိုင်ပါသည်။
  2. တီဗီ သို့မဟုတ် PC စခရင် : သင့် PC အား ဖမ်းယူခြင်း ၊ တီဗီ အက်ပလီကေးရှင်းမှ ပြသခြင်း သို့မဟုတ် IoT ကင်မရာဖြင့် ချိတ်ဆက်သည့်အခါ Multi View စခရင်သည် နောက်ထပ်ခြားသွားပါလိမ့်မည်။ ဥပမာ ညာဘက်စခရင်ရှိ သင့် Laptop မှ ဂိမ်းအစမ်းဗီဒီယိုကြည့်ရင်း ဘယ်ဘက်စခရင်တွင် ဂိမ်းဆော့နေနိုင်ပါသည်။
  3. PIP screen : သင့်အနေဖြင့် PIP( ဓာတ်ပုံထဲမှ ဓာတ်ပုံ) အနေအထားသို့လည်းပြောင်းနိုင်ပါသည်။ အခြားစိတ်ဝင်စားသည့်အရာများကို စခရင်အသေးတွင်ဖွင့်ထား၍ ရုပ်ရှင် သို့မဟုတ် အားကစားပြိုင်ပွဲများကြည့်နိုင်သည်မှာ အဆင်ပြေလှပါသည်။

မျက်နှာပြင်အပြည့်ပြန်ပြောင်းခြင်း

Multi View အတွက် မျက်နှာပြင်အပြည့်
  • မျက်နှာပြင်အပြည့်သို့ပြောင်းရန် Multi View တစ်ခုကိုရွေး၍ ရွေးမည်ဟူသည့်ခလုတ်ကိုနှိပ်ထားပေးပါ။ ယခုအခါ အက်ပလီကေးရှင်းနှင့် မူလဖိုင်များကို ထိန်းချုပ်နိုင်ပါပြီ။
  • ယခင်ကဲ့သို့ အများကြီးပြန်ကြည့်လိုပါက သင့်ရီမုရှိ Back ခလုတ်ကို ဖိနှိပ်ထားပေးပါ။ 
  • Multi View အား အပြီးသတ်ရန်အတွက် နှစ်ဖက်လုံးကို အာရုံစိုက်ပြီး သင့်ရီမုရှိ Back ခလုတ်ကို ဖိနှိပ်ထားပေးပါ။

မှတ်ချက် : YouTube မှလွှင့်သောဗီဒီယိုများကို အမြဲတမ်း စခရင်အပြည့်ဖြင့်ကြည့်လိုပါက ဆက်တင်ကို ပြောင်းလဲနိုင်ပါသည်။ (Setting - General - Smart feature - Auto Run Multi View Casting 'Off')

သင့်မှာရှိသည့် Samsung တီဗီ အမျိုးအစားပေါ်မူတည်၍ အခြားမူရင်းအရာများကို ပေါင်းစပ်နိုင်ပါသည်


။QLED တီဗီများ

 

  • ဘယ်ဘက်စခရင်တွင် တီဗီ Tuner , HDMI ပစ္စည်းများ သို့မဟုတ် အချို့ တီဗီအက်ပလီကေးရှင်းများ ဖွင့်နိုင်ပါသည်။ 
  • ညာဘက်စခရင်တွင် စခရင်ကူးယူခြင်း ( Android )/(AirPlay2(iOS), သင့်ဖုန်းမှလွှင့်ပေးခြင်း သို့မဟုတ် ချိတ်ဆက်ထားသည့် ကင်မရာရွေးချယ်ခြင်း

 

UHD တီဗီများ

 

  • ဘယ်ဘက်စခရင်တွင် : တီဗီ Tuner သို့မဟုတ် HDMI ပစ္စည်းများသုံးနိုင်ပါသည်။
  • ညာဘက်စခရင်တွင် : သင့်(Android)ဖုန်း၏ စခရင်ကိုကူးယူခြင်းထောက်ပံ့ပေး

 

ထားသော Mobile သို့မဟုတ် Devices များ

 

  • စမတ်ဖုန်း သို့မဟုတ် တက်ဘလက်တို့အပါအဝင် စခရင်ကူးယူခြင်း ထောက်ပံ့ပေးထားမှုများ ( Android 4.2 နှင့်အထက်)
  • iPhone, iPad, iPod touch သို့မဟုတ် Mac book တို့အပါအဝင် Airplay2 အသုံးပြု၍ရသည့် ပစ္စည်းများ။
  • ​Windows 10 ရှိသည့် လက်ပ်တော့ သို့မဟုတ် ကွန်ပြူတာ

 

ထောက်ပံ့ပေးသည့် ကင်မရာများ

 

  • Logitech HD Pro Webcam C920
  • Logitech HD Pro Webcam C920S
  • Logitech C922 Pro Stream Webcam
  • Logitech C922X Pro Stream Webcam
  • Logitech C925E
  • Logitech C930e

မှတ်ချက် : ထောက်ပံ့ပေးထားသည့် မိုဘိုင်းဖုန်းများနှင့် USB ကင်မရာများကို အသိမပေးဘဲ ထပ်မံတိုးမြှင့်ပေးနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ