Samsung စမတ်တီဗီတွင် HDMI ARC ကို အသုံးပြုပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.08.2020

HDMI သည် အသံနှင့် ဗွီဒီယိုအတွက် အသုံးများသော ချိတ်ဆက်မှုတစ်ခု ဖြစ်ပါသည်။ အသံထွက်သည့်ပစ္စည်းများနှင့် ပရိုဂျက်တာများ အားလုံးသည် ဤစံနှုန်းကို အသုံးပြုကြပါသည်။ ပိုမိုကောင်းမွန်သောအသံကို ရရှိရန်အတွက် အသံအား သင့်စမတ်တီဗီမှ အသံထွက်သည့် ကိရိယာထံသို့ တိုက်ရိုက်ပေးပို့ရန် HDMI ကြိုးတစ်ချောင်းကို အသုံးပြုနိုင်ပါသည်။ ARC (အသံပြန်ပို့သောချန်နယ်) ဆိုသည်မှာ မြန်နှုန်းမြင့် HDMI အသိအမှတ်ပြုကြိုးများ၏ အထူးလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ယင်းမှတဆင့် အသံကို အသံထုတ်လွှင့်သည့် ကိရိယာထံသို့လည်း ပေးပို့နိုင်ပါသည်။

HDMI ARC ဆိုတာဘာလဲ။

Samsung တီဗီအများစုတွင် အသံထုတ်လွှတ်သည့်အပိုင်းဟု ခေါ်သော HDMI လုပ်ဆောင်ချက်ကို ပံ့ပိုးပေးထားပါသည်။ သင့်တီဗီနှင့် Home Theatre System သို့မဟုတ် Soundbar တစ်ခုအကြား သုံးရသည့် ကြိုးအရေအတွက်ကို လျှော့ချရန်အတွက် HDMI ARC ကို ဒီဇိုင်းဆွဲထားပါသည်။ အသံအချက်ပြသည် စပီကာများထံသို့ အသွားရောအပြန်ပါ ပြုလုပ်နိုင်ပြီး အချက်ပြ၏ အသံအရည်အသွေးနှင့် အောင်းနေမှုကို ပိုမိုကောင်းမွန်စေမည် ဖြစ်ပါသည်။


တနည်းအားဖြင့် HDMI ARC အသုံးပြုနိုင်သော စပီကာတစ်လုံးအား ဒုတိယ အရုပ်/အသံကြိုးချိတ်ဆက်ရန် မလိုအပ်ပါ။ သင့်စမတ်တီဗီအား ARC အသုံးပြုနိုင်သော စပီကာတစ်လုံးနှင့် ချိတ်ဆက်ရန်အတွက် သင်အသုံးပြုသော HDMI ကြိုးသည် ၁.၄ နှင့်အထက်ဖြစ်ကြောင်း သေချာအောင် ပြုလုပ်ပါ။ တီဗီ သို့မဟုတ် One Connect Box ၏ အချို့သော အပေါက်များမှတဆင့်သာလျှင် HDMI-ARC လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ပြင်ပစပီကာများသည် ကိုက်ညီမှုရှိစေရန် လိုအပ်ပါသည်။ HDMI ARC ထိန်းချုပ်မှုများကို ဖွင့်ရန်အတွက် ပြင်ပစပီကာများ၏ ဆက်တင်ကိုချိန်ညှိရန် လိုအပ်ခြင်းလည်း ရှိနိုင်ပါသည်။

HDMI ARC တွင် အသုံးပြုနိုင်သော အသံစနစ်များ -

  • PCM (2 channel)
  • Dolby Digital (5.1 channel အထိ)
  • DTS Digital Surround (5.1 channel အထိ)

မှတ်ချက် - ၂၀၁၈ မတိုင်မီ ထုတ်ထားသော မော်ဒယ်များတွင်သာ DTS ကို ရရှိနိုင်ပါသည်။

HDMI ကြိုးတစ်ချောင်းအား ချိတ်ဆက်ပုံ

သင့်စမတ်တီဗီနှင့် စပီကာအား ချိတ်ဆက်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ -

 

အဆင့် ၁။ HDMI ကြိုးတစ်ချောင်းကို ကြိုတင်ပြင်ဆင်ပါ

အဆင့် ၂။ တီဗီရှိ HDMI IN (ARC) နေရာတွင် ကြိုးကိုချိတ်ဆက်ပါ

အဆင့် ၃။ သင်ချိတ်ဆက်လိုသော စပီကာ၏ HDMI OUT (TV-ARC) အပေါက်တွင် ချိတ်ဆက်ပါ

အဆင့် ၄။ တီဗီနှင့် ချိတ်ဆက်ထားသော စပီကာများကို ဖွင့်ပါ

အဆင့် ၅။ တီဗီမှအသံကို သင့်၏အခြားဆက်သွယ်ထားသောစပီကာများမှတဆင့် ကြားရပါလိမ့်မည်

Samsung Soundbar နှင့် Home Cinema System အတွက် Anynet + (HDMI CEC) ကို စတင်အသုံးပြုနိုင်အောင် စက်ရုံတွင်ပြုလုပ်ပေးထားပါသည်။ သင့်ကိရိယာသည် Samsung Soundbar သို့မဟုတ် Home Cinema System မဟုတ်ပါက သင့်စမတ်တီဗီတွင် Anynet + (HDMI-CEC) လုပ်ဆောင်ချက်ကို ဖွင့်ထားကြောင်း သေချာစေရန် လိုအပ်ပါသည်။

 

  • (၂၀၁၇ ထုတ်) T/Q၊ R/Q၊ N/Q နှင့် M/Q စီးရီး စမတ်တီဗီများအတွက်

      Home> Settings> General> External device management> Anynet + (HDMI CEC)

  • K စီးရီး စမတ်တီဗီ (၂၀၁၆) အတွက်

      Home> Settings> System> Expert settings> Anynet + (HDMI-CEC)

  • J စီးရီးအထိ စမတ်တီဗီ (၂၀၁၅) အတွက်

      Menu> System> Anynet + (HDMI-CEC)

မှတ်ချက် -

  • eARC ကို အသုံးပြုရန်အတွက် စမတ်တီဗီတွင် Anynet + (HDMI-CEC) လုပ်ဆောင်ချက်ကို ဖွင့်ထားရပါမည်။
  • အသိအမှတ်ပြုမထားသော ကြိုးတစ်ချောင်းကို အသုံးပြုပါက ချို့ယွင်းမှုတစ်ခု ဖြစ်ခြင်းရှိနိုင်ပါသည်။
  • တီဗီ သို့မဟုတ် One Connect Box ၏ ကျောဖက်တွင် HDMI အပေါက်ကို ARC ဟု အညွှန်းပြထားမည် ဖြစ်ပါသည်။
  • One Connect Box အများစုတွင် HDMI-ARC ပေါက်တစ်ခု ရှိပါသည်( ယင်းသည် တတိယမြောက် HDMI ပေါက် ဖြစ်လေ့ရှိပါသည်)။

HDMI ချိတ်ဆက်မှုပြဿနာကို ဖြေရှင်းခြင်း

ARC/eARC လုပ်ဆောင်ခြင်းအတွက် ပြဿနာတစ်ခု ရှိပါက တီဗီတွင် ချိတ်ဆက်ထားသော ပြင်ပကိရိယာများ (STB, OTT ကိရိယာ အစရှိသည်) အားလုံးကို ဦးစွာဖယ်ရှားပြီးနောက် ပြန်ဖွင့်ကြည့်ပါ။ အချို့သော ပြင်ပကိရိယာများသည် HDMI ချိတ်ဆက်မှု သတ်မှတ်ချက်များကို ကောင်းစွာမလိုက်နာခြင်းရှိနိုင်ပြီး ယင်းသည် ပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။ သင့်တွင် ပြဿနာရှိနေသေးပါက အောက်ပါနည်းလမ်းများကို ဆက်၍ကြည့်ရန် လိုအပ်ပါသည်။

သင့်တီဗီမှ Settings မီနူးရှိ HDMI-CEC ပရိုတိုကောများကို ဖွင့်ထားရန် လိုအပ်ပါသည်။ Samsung တီဗီများတွင် HDMI-CEC ပရိုတိုကောကို Anynet+ ဟု ခေါ်ပါသည်။

 

Anynet+ ကိုဖွင့်ရန် မီနူးလမ်းကြောင်းသည် အောက်ပါကဲ့သို့သော တစ်စုံတစ်ခု ဖြစ်ပါလိမ့်မည် -

အဆင့် ၁။ သင့် Samsung အဝေးထိန်းခလုတ်တွင် HOME ခလုတ်ကိုနှိပ်ပြီးနောက် Settings ကို ရွေးချယ်ပါ။

အဆင့် ၂။ Settings စခရင်တွင် General Menu နှင့် External Device Manager ကို ရွေးချယ်ပါ။

 

အဆင့် ၃။ External Device Manager မီနူးတွင် Anynet+ (HDMI-CEC) သို့သွားကာ Anynet+ ကို ဖွင့်ရန်အတွက် သင့်အဝေးထိန်းခလုတ်တွင် enter ကိုနှိပ်ပါ။

သင်က အခြားကုမ္ပဏီထုတ် soundbar သို့မဟုတ် home theater system ကို အသုံးပြုနေခြင်း ဖြစ်ပါက HDMI CEC သို့မဟုတ် ARC လုပ်ဆောင်ချက်ကို ဖွင့်ထားခြင်းရှိမရှိ စစ်ဆေးပေးပါ။ ပြီးနောက် အဝင်နေရာကို သင့်စပီကာပေါ်ရှိ HDMI ARC သို့ ပြောင်းပါ။

 

စီးရီးအပေါ်မူတည်၍ သင့်စပီကာမှ အသံထွက်လာစေရန်အတွက် သင့်စမတ်တီဗီတွင် အောက်ပါဆက်တင်များကို ပြုလုပ်ပါ -

  • ၂၀၁၇ ထုတ် စမတ်တီဗီ (T / Q, R / Q, N / Q နှင့် M / Q စီးရီးများ)

      Home> Settings> Sound> Sound Output ကို ဖွင့်ပါ။ စာရင်းမှ Receiver (HDMI) ကို ရွေးချယ်ပါ။

 

  • ၂၀၁၆ ထုတ် စမတ်တီဗီ (K စီးရီးများ)

      Home> Settings> Sound> Speaker Settings ကို ဖွင့်ပါ။ စာရင်းမှ Receiver (HDMI) ကို ရွေးချယ်ပါ။

 

  • ၂၀၁၅ ထုတ် စမတ်တီဗီ (J စီးရီးများ)

      Menu> Sound> Speaker List ကို ဖွင့်ပါ။ စာရင်းမှ Receiver (HDMI) ကို ရွေးချယ်ပါ။

 

  • ၂၀၁၃ မှ ၂၀၁၄ ထုတ် စမတ်တီဗီ (F / H စီးရီးများ)

      Menu> Sound> Speaker Settings ကိုဖွင့်ပါ။ တီဗီ၏အသံအထွက်ကို receiver အဖြစ် သတ်မှတ်ပါ။

 

  • ၂၀၁၁ မှ ၂၀၁၂ ထုတ် စမတ်တီဗီ (D / E စီးရီးများ)

      Menu> System> Anynet + (HDMI-CEC) ကိုဖွင့်ပါ။ Receiver လုပ်ဆောင်ချက်ကို On အဖြစ် သတ်မှတ်ပါ။

သင့်တီဗီတွင် အသံမထွက်ပါက သို့မဟုတ် အသံပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး သင်က HDMI ကြိုးတစ်ချောင်းနှင့် ချိတ်ဆက်ထားသော ကိရိယာတစ်ခုမှ အသံကို နားထောင်နေခြင်း ဖြစ်ပါက ပြဿနာအတွက် အရိုးရှင်းဆုံး ဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်းများအနက် တစ်ခုမှာ ကြိုးအရည်အသွေးနိမ့်ခြင်း ဖြစ်ပါသည်။ ကြိုးအား ပိုမိုအရည်အသွေးကောင်းသော ကြိုးတစ်ခေျာင်းနှင့် လဲလှယ်ခြင်းသည် အမြဲတမ်းလွယ်ကူလေ့ သို့မဟုတ် အဆင်ပြေလေ့မရှိသောကြောင့် Samsung စမတ်တီဗီ မော်ဒယ်များတွင် တီဗီက HDMI အချက်ပြကို ဖွင့်ဆိုပုံကို ချိန်ညှိရန်နှင့် ကြိုး၏ကိုက်ညီမှုကို ပိုကောင်းစေရန်အတွက် အသုံးပြုနိုင်သော ဆက်တင်တစ်ခု ရှိပါသည်။

Menu > Support > Self Diagnosis > Signal Information > Signal History > HDMI Delay Level သို့ သွားရောက်ပြီးနောက် အောက်ပါတို့အနက် တစ်ခုကို ရွေးချယ်ပါ

 

  • Basic: ယင်းသည် ပုံမှန်လုပ်ဆောင်ခြင်းအတွက် မူရင်းဆက်တင် ဖြစ်ပါသည်။
  • Slow 1: ယင်းသည် HDMI ကြိုးက အချက်ပြတစ်ခုကို မပေးပို့ကြောင်း မဆုံးဖြတ်မီတွင် ကြန့်ကြာမှုငယ်တစ်ခုကို ထည့်ပေးပါသည်။
  • Slow 2: ယင်းသည် သိသာသော ကြန့်ကြာမှုတစ်ခုကို ထည့်ပေးပါသည်။

 

ဤရွေးချယ်စရာအား Slow 1 သို့မဟုတ် Slow 2 သို့ သတ်မှတ်ခြင်းဖြင့် အရည်အသွေးနိမ့်သော HDMI ကြိုးတစ်ချောင်း အချက်ပြအရည်အသွေးကို ပိုကောင်းစေမည်ဖြစ်သော်လည်း မလိုလားအပ်သော အကျိုးဆက်တစ်ခုအဖြစ် ရင်းမြစ်ပြောင်းလဲရာတွင်လည်း ဤကြန့်ကြာမှု ဖြစ်ပေါ်မည် ဖြစ်ပါသည်။

သင်က HDMI ARC ကြိုးကို Soundbar နှင့် ချိတ်ဆက်ထားပြီး ဆက်တင်များအားလုံး မှန်ကန်သော်လည်း အလုပ်မလုပ်ပါက အောက်ပါအဆင့်များကို လိုက်လုပ်ခြင်းဖြင့်လည်း Soundbar ကိရိယာကို ပြန်လည်သတ်မှတ်နိုင်ပါသည်။

အဆင့် ၁။ တီဗီနှင့် Soundbar ကို ပါဝါပိတ်ပါ။ (Standby ပုံစံ)

အဆင့် ၂။ INIT ဟု မပေါ်မီအထိ အဝေးထိန်းခလုတ်ပေါ်ရှိ Volume Up (+) နှင့် Down (-) ခလုတ်များကို အနည်းဆုံး ၅ စက္ကန့်ကြာအောင် ဖိနှိပ်ထားပါ။

အဆင့် ၃။ တီဗီနှင့် Soundbar ကို ပါဝါဖွင့်ပါ။

အဆင့် ၄။ တီဗီအဝေးထိန်းခလုတ်ပေါ်တွင် Home ခလုတ်ကိုနှိပ်ပါ။ Settings ကိုရွေးချယ်ကာ Sound Output တွင် Soundbar သို့ ပြောင်းပါ။

အဆင့် ၅။ ရှေ့ဖက်မျက်နှာပြင်တွင် TV ARC အသိပေးချက်တစ်ခု ပေါ်လာမည်ဖြစ်ကာ ယင်းနောက်တွင် တီဗီအသံကို ကြားရပါမည်။

မှတ်ချက် - ကိရိယာ စခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ