MBR မှတဆင့် ဘက်စုံသုံးရီမုတ်ကို စီစဉ်သတ်မှတ်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.12.2020

သင့်စမတ်တီဗွီနှင့် ချိတ်ဆက်ထားသော ပြင်ပကိရိယာများအတွက် အဝေးထိန်းခလုတ်မည်မျှ သင့်တွင်ရှိပါသလဲ။ MBR လုပ်ဆောင်ချက်မှတဆင့် ယင်းတို့အားလုံးကို ကိုင်တွယ်ရန်အတွက် အဝေးထိန်းခလုတ်တစ်ခုတည်းကိုသာ သင်လိုအပ်ပါသည်။ MBR ကပေးထားသော များစွာပို၍ အဆင်ပြေလွယ်ကူသည့် အတွေ့အကြုံကို ခံစားကြည့်လိုက်ပါ။

MBR ဆိုတာဘာလဲ။

MBR ဆိုသည်မှာ တံဆိပ်မျိုးစုံသုံးရီမုတ် (Multi Brand Remote) ကို ဆိုလိုခြင်းဖြစ်ပြီး ဘက်စုံသုံးရီမုတ် သို့မဟုတ် ဝမ်းရီမုတ်ဟုလည်း ခေါ်ကြပါသည်။ ဤလုပ်ဆောင်ချက်ကြောင့် သင့်တီဗွီနှင့် ချိတ်ဆက်ထားသော ကိရိယာအမျိုးမျိုးကို အသုံးပြုစဉ်တွင် ရီမုတ်တစ်ခုမှတစ်ခုသို့ ပြောင်းသုံးရခြင်းကို ကင်းဝေးအောင် ပြုလုပ်ပေးမည် ဖြစ်ပါသည်။ Samsung ရီမုတ်တစ်ခုတည်းဖြင့် သင့်အိမ်တွင်းပြဇာတ်ရုံ၊ ဂိမ်းစက်ခုံနှင့် ဘလူးရေးဖွင့်စက်တို့ ကဲ့သို့သော ပြင်ပကိရိယာများ အားလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

တီဗွီအသစ်တစ်လုံးအတွက် ကနဦး MBR စီစဉ်သတ်မှတ်ခြင်း

အသစ်စက်စက် Samsung တီဗွီတစ်လုံးကို သင်ကစီစဉ်သတ်မှတ်ရာတွင် MBR ကနဦးဆက်တင်အတွက် အဆင့်တစ်ဆင့် ရှိပါသည်။ စခရင်ပေါ်မှ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။ ပြင်ပကိရိယာများကို သိရှိနိုင်စေရန်အတွက် ယင်းတို့အားလုံးကို သင့်တီဗွီနှင့်ချိတ်ဆက်ကာ ဖွင့်ထားပါ။ ပြင်ပကိရိယာများကို သင့်တီဗွီက အလိုအလျောက်သိရှိကာ စာရင်းသွင်းပါလိမ့်မည်။

ပြင်ပကိရိယာ အသစ်တစ်ခုအတွက် MBR စီစဉ်သတ်မှတ်ခြင်း

စမတ်တီဗွီက ပြင်ပကိရိယာများကို အလိုအလျောက် မသိရှိပါက MBR ကို တီဗွီပေါ်တွင် သင်တိုက်ရိုက် စီစဉ်သတ်မှတ်နိုင်ပါသည်။ MBR ကို ကိုယ်တိုင်သတ်မှတ်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။

 

အဆင့် ၁။ Home ခလုတ်ကိုနှိပ်ပြီးနောက် Source မီနူးပေါ်ရှိ Universal Remote ကို ရွေးချယ်ပါ။

အဆင့် ၂။ New Device ကိုရွေးချယ်ပါ။

အဆင့် ၃။ တီဗွီစခရင်ပေါ်တွင် ကိရိယာအမျိုးအစားကို ရွေးချယ်ပါ။

အဆင့် ၄။ စီစဉ်သတ်မှတ်ခြင်း ပြီးစီးစေရန်အတွက် စခရင်ပေါ်မှ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။

မှတ်ချက် -

  • MBR လုပ်ဆောင်ချက်ကို ဘလူးတုရီမုတ်ဖြင့်သာ ပံ့ပိုးပေးထားပါသည်။ သို့ရာတွင် ၂၀၁၉ မော်ဒယ်မှစတင်၍ ဘလူးတုရီမုတ် မဟုတ်လျှင်ပင် MBR လုပ်ဆောင်ချက်ကို ပံ့ပိုးပေးထားပါသည်။
  • တီဗွီနှင့်ချိတ်ဆက်ထားသည့် အချို့သော ပြင်ပကိရိယာများသည် MBR လုပ်ဆောင်ချက်ကို မပံ့ပိုးခြင်း ရှိနိုင်ပါသည်။
  • ပြင်ပကိရိယာ သို့မဟုတ် သင့်တီဗွီ၏ လိုဂိုရှေ့တွင် မည်သည့်အတားအဆီးမျှမရှိကြောင်း သေချာအောင်လုပ်ထားပါ။ ယင်းသည် ဆစ်ဂနယ်ပြဿနာများကို ဖြစ်စေနိုင်ပါသည်။
  • ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ