အလိုအလျောက်ပွင့်လာသည့် တီဗွီတစ်လုံးအား ဖြေရှင်းပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.12.2020

တီဗွီတစ်လုံး အလိုအလျောက်ပွင့်လာခြင်း၏ ယေဘူယျအကြောင်းအရင်းများကတော့ ထိန်းချုပ်ရီမု၏ ပါဝါခလုတ်နားတွင် ပြင်ပအရာတစ်ခုခုရှိနေခြင်း၊ တီဗွီနှင့်ချိတ်ဆက်ထားသော ပစ္စည်းများရှိနေခြင်းနှင့် သင်ရွေးချယ်ထားသော ဆက်တင်တို့ကြောင့်ဖြစ်သည်။ ပါဝါခလုတ်ကပ်နေလျှင် ထိန်းချုပ်ရီမုအား သန့်ရှင်းရေးလုပ်ပါ။ ပြင်ပချိတ်ဆက်မှုများရှိနေခဲ့လျှင်တော့ အောက်ပါနည်းလမ်းများကိုသုံးပါ။

လုပ်ဆောင်မှုမှတ်တမ်း အား စစ်ဆေးပါ။

အလိုအလျောက်ပါဝါပွင့်ခြင်းက တစ်ခါတစ်ရံမှာ ပြင်ပထိန်းချုပ်ရေးကိရိယာများကြောင့်ဖြစ်တတ်ပါသည်။ ထို့ကြောင့် တီဗွီ၏ လုပ်ငန်းမှတ်တမ်းကိုပြန်ကြည့်လျှင် တီဗွီအလိုအလျောက်ပွင့်ရခြင်း၏ အကြောင်းအရင်းကိုသိနိုင်ပါသည်။

အဆင့် (၁) မီနူးကိုနှိပ်ပြီး ထောက်ပံ့မှုကိုရွေးချယ်ပါ။

တီဗွီ ထောက်ပံ့မှု မီနူး

အဆင့် (၂) တီဗွီအကြောင်း ကိုရွေးချယ်ပြီး မှတ်တမ်းအားကြည့်ရှုပါ။

တီဗွီအကြောင်း မီနူး

မှတ်ချက် - တီဗွီအကြောင်းမီနူးသည် ၂၀၁၉ခုနှစ်နှင့် နောက်ပိုင်းထွက်ရှိသော ထုတ်ကုန်များတွင်သာပါရှိသည်။

၁။ " ပါဝါပွင့်ရသည့်အကြောင်းအရင်း " ကို မှတ်တမ်းတွင်မြင်ရမည်။

မှတ်တမ်းတွင် ပါဝါပွင့်ရသည့်အကြောင်းအရင်း ရှိပါက တီဗွီပွင့်နေရခြင်း၏ အကြောင်းအရင်းကိုသိနိုင်မည်ဖြစ်သည်။ သင့်၏တီဗွီကို မိုဘိုင်းအက်ပ်များ၊ ဆင်ဆာစနစ်များ၊ ဘလူးတုချ်နှင့် အသံစနစ်တို့ဖြင့် ပါဝါဖွင့်နိုင်သည်။ တီဗွီကိုခိုင်းစေနေသော ထိုအရာများအား ရပ်တန့်ခြင်း ဖြတ်တောက်ခြင်းတို့ဖြင့် အဆင်မပြေမှုအား ဖြေရှင်းနိုင်ပါသည်။

ပါဝါပွင့်ရသည့်အကြောင်းအရင်းအား စစ်ဆေးခြင်း။
  • You Tube - YouTube သို့မဟုတ် Smart Things တို့ကဲ့သို့သော ပစ္စည်းတစ်မျိုးအတွင်းရှိ အက်ပ်တို့ကို AP တစ်ခုတည်းတွင် ချိတ်ဆက်ထားသောအခါတွင်လည်း တီဗွီပွင့်လာစေပါသည်။
  • Sensor - Ambient Mode တွင်ထားသော အလင်းအာရုံစနစ်အရ ထောက်လှမ်းမိပြီး တီဗွီပွင့်လာစေပါသည်။
  • VOL - eMac (Magic Pocket) လုပ်ငန်းစဉ်ကြောင့် ပွင့်လာစေပါသည်။
  • BLE - ဘလူးတုချ်ကိရိယာတစ်ခု၏ နိုးထခြင်းလုပ်ငန်းစဉ်ကြောင့် ပွင့်လာစေပါသည်။

" မှတ်တမ်းတွင်ပေါ်နေသော " CEC အမိန့် "

CEC လုပ်ငန်းစဉ်ဖွင့်ထားပြီး HDMI ဖြင့်ချိတ်ဆက်ထားသော ပစ္စည်းများကို ရီမုတစ်ခုတည်းမှ ထိန်းချုပ်နိုင်သည်။ HDMI ပစ္စည်းတစ်ခုလုပ်ငန်းစသောအခါ တီဗွီကိုပွင့်လာစေပါသည်။ ထိုလုပ်ငန်းစဉ်ကို ပိတ်သိမ်းခြင်းဖြင့် ယခုပြဿနာအားဖြေရှင်းနိုင်ပါသည်။

ပင်မ -> ဆက်တင် -> ယေဘူယျ -> ပြင်ပပစ္စည်းမန်နေဂျာ -> Anynet + (HDMI-CEC)

CEC အမိန့်စစ်ဆေးမှု

မှတ်တမ်းတွင်ပေါ်နေသည့် " မမြင်ရသောချိတ်ဆက်မှုတစ်ခု "

တစ်ခါတစ်ရံမှာ သင်၏ချိတ်ဆက်မှုအားနည်းနေသောအခါ တီဗွီအလိုအလျောက် ပိတ်၊ပွင့်ခြင်းကိုဖြစ်စေနိုင်သည်။ (AOC Tilt) ထိုကဲ့သို့သောဖြစ်စဉ်များတွင် တီဗွီနှင့် OCB တို့ချိတ်ဆက်ထားသော ကြိုးအားလုံးကိုစစ်ဆေးပေးပါ။

မမြင်ရသောချိတ်ဆက်မှုတစ်ခု အား စစ်ဆေးခြင်း

တီဗွီအား မူလဆက်တင်သို့ ပြန်လည်သတ်မှတ်ခြင်း

အထက်ဖော်ပြပါနည်းလမ်းများ အလုပ်မဖြစ်သောအခါ စက်ရုံသုံးပြင်ဆင်ချက်ဖြင့် တီဗွီ၏မူလဆက်တင်သို့ ပြန်လည်သတ်မှတ်လို့ရနိုင်ပါသေးသည်။

ပင်မ -> ဆက်တင် -> ယေဘူယျ -> ပြန်လည်သတ်မှတ်ခြင်း

မှတ်ချက်

  • ပြထားသော စခရင်ရှော့နှင့် ရွေးချယ်စရာများမှာ အင်္ဂလိပ်လိုရေးသားထားသော နမူနာသာဖြစ်သည်။ သင့်နိုင်ငံတွင်အသုံးပြုသော ဘာသာစကားကိုရွေးချယ်နိုင်သည်။
  • အပေါ်မှာပြထားသော နည်းလမ်းများအား အသုံးပြုပြီးတာတောင် သင့်တီဗွီနှင့်ပက်သက်ပြီး ပြဿနာရှိနေသေးတယ်ဆိုရင် ကျွမ်းကျင်ပညာရှင်များဆီမှ အကူအညီတောင်းခံရန်အတွက် Samsung Service Center သို့ဆက်သွယ်လိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ