ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုကို အသုံးပြု၍ Samsung တီဗွီ၏ဖန်းမ်ဝဲကို အပ်ဒိတ်လုပ်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 30.09.2020

သင့်တီဗွီ၏ ဖန်းမ်ဝဲကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် အလွန်အရေးကြီးပါသည်။ သင့်တီဗွီကို ယူအက်စ်ဘီဒရိုက်ဗ် သို့မဟုတ် ကွန်ရက်တစ်ခုမှတဆင့် အပ်ဒိတ်လုပ်နိုင်ပါသည်။ ယင်းနည်းလမ်းနှစ်ခုလုံး မသုံးနိုင်လျှင်ပင် အဝေးမှစီမံခန့်ခွဲမှုကို အသုံးပြုနိုင်မည့် နည်းလမ်းတစ်ခုလည်း ပါရှိသေးသည်။ ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုမှတဆင့် တီဗွီဖန်းမ်ဝဲကို အပ်ဒိတ်လုပ်ရန်အတွက် အောက်ပါလမ်းညွှန်အတိုင်း လိုက်လုပ်ပါ။

ဖန်းမ်ဝဲကို အပ်ဒိတ်ဖြစ်နေအောင် ပြုလုပ်ထားပါ

သင့်တီဗွီ၏ဖန်းမ်ဝဲကို အပ်ဒိတ်လုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးအချို့ ရှိပါသည်။ ပထမဆုံးနှင့် ရှေးဦးစွာ အသစ်ထွက်သော လုပ်ဆောင်ချက်များကို သင့်တီဗွီတွင် ထည့်သွင်းနိုင်ပါသည်။ သင့်တီဗွီက နောက်ဆုံးထွက်မော်ဒယ် မဟုတ်စေကာမူ ဖန်းမ်ဝဲအပ်ဒိတ်လုပ်ခြင်းဖြင့် နောက်ဆုံးထွက် လုပ်ဆောင်ချက်များကို သင်အသုံးပြုနိုင်ပါသည်။ ယင်းသည် ကုဒ်အမှားများစွာကိုလည်း ပြင်ဆင်ပေးနိုင်ပါသည်။ ဖန်းမ်ဝဲအသစ်တွင် သင့်ပြဿနာအတွက် ဖြေရှင်းချက်တစ်ခု ပါဝင်ခြင်းရှိနိုင်ပါသည်။

မှတ်ချက် - တီဗွီအများစုသည် နှစ်နှစ်ခန့်ကြာသည်အထိ လုပ်ဆောင်ချက်အသစ်များကိုပေးသော အပ်ဒိတ်များကို ရရှိပါမည်။ ယင်းနောက်ပိုင်း ရရှိသောအပ်ဒိတ်များမှာ ယေဘုယျအားဖြင့် ပြဿနာများကို ဖြေရှင်းရန်အတွက် ဖြစ်ပါသည်။

ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုကို အသုံးပြု၍ အပ်ဒိတ်လုပ်ပုံ

သင့်တီဗွီကို အင်တာနက်နှင့် ချိတ်ဆက်မထားပါက ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုမှတဆင့် သင့်တီဗွီကိုအပ်ဒိတ်လုပ်ရန်မှာ စိတ်ကူးကောင်းတစ်ခု ဖြစ်ပါသည်။ ယင်းအတွက် သင့်တွင် ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုနှင့် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံးတို့ လိုအပ်မည်ဖြစ်ပါသည်။ အောက်ပါအဆင့်များကို စမ်းကြည့်ပါ။

အဆင့် ၁။ Samsung ပံ့ပိုးရေးဝဘ်ဆိုက်တွင် သင့်တီဗွီ၏မော်ဒယ်ကုဒ်ကို ရှာဖွေပြီးနောက် အဆင့်မြှင့်ရန်ဖိုင်ကို ဒေါင်းလုဒ်ဆွဲပါ။

အဆင့် ၂။ ရလာသည့်အရာများကို ဇစ်ပ်ဖွင့်ကာ သင့်ယူအက်စ်ဘီဒရိုက်ဗ်တွင် သိမ်းဆည်းပါ။

မှတ်ချက် - အပ်ဒိတ်ဖိုင်ကို တီဗွီကရှာတွေ့နိုင်စေရန်အတွက် ယူအက်စ်ဘီဒရိုက်ဗ်၏ ပင်မနေရာတွင် သိမ်းဆည်းပါ။

အဆင့် ၃။ ယူအက်စ်ဘီဒရိုက်ဗ်ကို သင့်တီဗွီရှိ ယူအက်စ်ဘီပေါက်တွင် ထည့်သွင်းပါ။

အဆင့် ၄။ ဖန်းမ်ဝဲအပ်ဒိတ်လုပ်ခြင်းကို အလိုအလျောက် စတင်ပါမည်။

မှတ်ချက်-

  • အပ်ဒိတ်လုပ်နေစဉ်အတွင်း တီဗွီကိုပိတ်လိုက်ခြင်း၊ ပါဝါကိုပိတ်လိုက်ခြင်း သို့မဟုတ် ယူအက်စ်ဘီဒရိုက်ဗ်ကို ဖြုတ်လိုက်ခြင်း မပြုပါနှင့်။ ယင်းသည် ဖန်းမ်ဝဲချို့ယွင်းချက်တစ်ခုကို ဖြစ်စေနိုင်ပါသည်။
  • Support menu > About this TV သို့မဟုတ် တီဗွီ၏နောက်ဖက်တွင် မော်ဒယ်ကုဒ်ကို ရှာဖွေနိုင်ပါသည်။
  • ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ