Samsung smart TV တွင် Bixby အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.12.2020
Bixby အသုံးပြုနည်း Bixby အသုံးပြုနည်း

မှတ်ချက်။ ။ 

  • Bixby feature ကို အသုံးပြုရန် အင်တာနက် ဆက်သွယ်မှု လိုအပ်သည်။
  • Samsung အကောင့်ကိုမှတ်ပုံတင်ပြီး TV ပေါ်မှာ log in လုပ်ရပါမည်။
  • TV screen shot နှင့် Menu များမှာ အင်္ဂလိပ်ဘာသာဖြင့်သာ ၊ မြန်မာဘာသာဖြင့်လည်း ရနိုင်ပါသည်။

အပိုင်း ၁ − သင့်အသံကိုမှတ်ပုံတင်ပါ။

အဆင့် ၁။ remote control မှ Voice icon ကိုနှိပ်ပြီး Voice Wake-up function ကိုဖွင့်ပါ။

မှတ်ချက်။ ။ 

  • အကယ်၍ Voice Wake-up လုပ်ဆောင်မှုကိုသင်မဖွင့်ရ သေးပါကremote control မှအသံသင်္ကေတကိုနှိပ်ခြင်းဖြင့် Bixby ကိုသာအသက်သွင်းနိုင်သည်။
  • Voice Wake-up သုံးခြင်းဖြင့် Remote ၏ဘက်ထရီသက်တမ်း တိုနိုင်ပါသည်။

အဆင့် ၂။ voice ID ပြုလုပ်ရန် Start ကိုရွေးပါ။

မှတ်ချက်။ ။ 

  • နောက်ခံဆူညံသံပေါ် မူတည်၍ သင်၏ Voice ID ကို ဖွင့်ရာတွင် အခက်အခဲရှိနိုင်ပါသည်။ 
  • သင်၏ Voice ID ကို အလားတူသို့မဟုတ် သွင်းထားသောအသံများဖြင့်လည်းActivate လုပ်နိုင်ပါသည်။
  • သင်၏အသံအချက်အလက်ကိုဤစက်ပစ္စည်းပေါ်တွင်သာအသုံးပြုသည်။

အဆင့် ၃။ သင့် TV မျက်နှာပြင်ပေါ်ရှိဝါကျများကို ရွတ်ပါ။

အဆင့် ၄ ။ remote control မှ Voice icon ကိုနှိပ်ထားပြီး TV မျက်နှာပြင်ပေါ်ရှိ ပြထားသော ဝါကျများကို ရွတ်ပါ၊ ထို့နောက်အသံခလုတ်ကိုလွှတ်လိုက်ပါ။

ယခု Bixby သည်သင်၏အသံကိုသိရှိ မှတ်မိ နိုင်ပြီဖြစ်သည်။

အပိုင်း ၂ ။ Bixby အသုံးပြုနည်း

  • နည်းလမ်း ၁။ သင်၏အသံဖြင့် Bixby ကိုစတင်ခြင်း။ Bixby ကိုသက်ဝင်သောအခါ Bixby အိုင်ကွန်ပေါ်လာလိမ့်မည်။ Remote controlမှ Led မီး အနီ​ရောင်မှိတ်တုပ် မှတ်တုပ်ပြမည်။ အသုံးပြုသူနှင့် Remote control အကြားသင့်လျော်သောအကွာအဝေး 1.5 မီတာ ( ၅ပေ ခန့်) ဖြစ်ပါတယ်။
  • နည်းလမ်း ၂။ Remote ပေါ်ရှိအသံခလုတ်ကိုနှိပ်ခြင်းအားဖြင့် Bixby ကိုစတင်ခြင်း ခလုတ်ကို နှိပ်၍ ဖိထားပါ။ command တစ်ခုပြောပြီး button ကိုလွှတ်လိုက်ပါ။
  • Explorer ရှာ​ဖွေခြင်း သင်သည် Explore Now ကို ရွေးချယ်ပါက Bixby ၏ ၀ န်ဆောင်မှုအားလုံးကိုကြည့်ရှုနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ