Samsung QLED တီဗွီများ၏ Intelligent Mode ကို အသုံးပြုပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 30.09.2020

စမတ်တီဗွီများသည် အချိန်နှင့်အမျှ ပိုမိုစမတ်ကျလာကြပါသည်။ Intelligent Mode တွင် သင့်အားပြီးပြည့်စုံသော ကြည့်ရှုမှုအတွေ့အကြုံကို ပေးနိုင်ရန်အတွက် သင့်တီဗွီသည် အခန်းအတွင်းရှိ ယင်း၏နေရာကို သိရှိနိုင်ကာ သင့်အသုံးပြုမှုပုံစံများကို စောင့်ကြည့်နိုင်စေပါသည်။

Intelligent Mode ၏ လုပ်ဆောင်ချက်များ

Intelligent mode တွင် သင်ကြည့်သည့်အကြောင်းအရာများ၊ အသုံးပြုမှု ပုံစံများနှင့် သင့်တီဗွီအနီး ပတ်ဝန်းကျင်တို့ကို သိရှိစေခြင်းဖြင့် သင့်ကြည့်ရှုမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စေပါသည်။ AI နည်းပညာကြောင့် သင်က နေသာသောမနက်ခင်းတွင် အက်ရှင်ဇာတ်ကားကို ကြည့်နေသည်ဖြစ်စေ၊ အမှောင်ထဲတွင် ကြောက်စရာဇာတ်ကားကို ကြည့်နေသည်ဖြစ်စေ Intelligent mode တွင် သင့်ဆက်တင်များကို အလိုအလျောက် ချိန်ညှိပေးမည် ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း Intelligent mode တွင် ရွေးချယ်စရာလေးမျိုး ရှိပါသည်။

  • Adaptive Picture - သင့်အခန်းနှင့် ကြည့်ရှုသည့်အရာ၏ အလင်းရောင်အဆင့်ပေါ် မူတည်၍ တောက်ပမှုကို အကောင်းဆုံးဖြစ်စေကာ အကောင်းဆုံးရုပ်ပုံအရည်အသွေးကို အချိန်နှင့်တပြေးညီ ပေးပါသည်။
  • Adaptive Voice Amplifier - ဝန်းကျင်ရှိဆူညံသံများကို စိစစ်ကာ ဆူညံသံအပေါ်မူတည်၍ အကောင်းဆုံး အသံကိုပေးပါသည်။
  • Adaptive Sound+ - ကြည့်ရှုသည့်နေရာ အကျယ်အဝန်းနှင့် အကြောင်းအရာ၏ အသံနှင့်ဆိုင်သော အစိတ်အပိုင်းများကို စိစစ်ခြင်းဖြင့် အကောင်းဆုံး အသံအရည်အသွေးကို ပေးပါသည်။
  • Adaptive Volume - အချိန်ပိုင်းအလိုက် သင့်အသံအတိုးအကျယ် အသုံးပြုမှုမှတ်တမ်းကို စိစစ်ခြင်းဖြင့် အက်ပ်တစ်ခုအား သင်သုံးစွဲသည့်အခါ သို့မဟုတ် ပြင်ပအဝင်ရင်းမြစ်တစ်ခုသို့ သင်ပြောင်းသည့်အခါတို့တွင် အသံအတိုးအကျယ်ကို အလိုအလျောက် ချိန်ညှိပေးပါသည်။

မှတ်ချက် -

  • Adaptive Picture မှလွဲ၍ ဤရွေးချယ်စရာများကို တီဗွီ၏အသံအထွက်အဖြစ် တီဗွီစပီကာကို သတ်မှတ်ထားမှသာလျှင် အသုံးပြုနိုင်ပါသည်။
  • အသံအတိုးအကျယ်နှင့် စခရင်တောက်ပမှုတို့ကို ပတ်ဝန်းကျင်ဆူညံသံနှင့် အလင်းရောင်အပေါ် မူတည်၍ ချိန်ညှိနိုင်ပါသည်။ ယင်းကိုအလိုမရှိပါက ပိတ်ထားလိုက်ရုံသာ ဖြစ်ပါသည်။

Intelligent Mode အား စီစဉ်သတ်မှတ်ပုံ

Intelligent Mode ၏ လုပ်ဆောင်ချက်တစ်ခုစီကို အဖွင့်အပိတ် ပြုလုပ်နိုင်ပါသည်။ သင့်တီဗွီပေါ်ရှိ Intelligent Mode ကို သတ်မှတ်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။

 

အဆင့် ၁။ သင့်အဝေးထိန်းခလုတ်ပေါ်ရှိ Home ခလုတ်ကိုနှိပ်ပြီးနောက် Settings ကို ရွေးချယ်ပါ။

အဆင့် ၂။ General သို့ဆင်းကာ Intelligent Mode Settings ကို ရွေးချယ်ပါ။

အဆင့် ၃။ သင်အသုံးပြုလိုသော အရာများကို ရွေးချယ်ပါ။

 

မှတ်ချက် -

  • Intelligent Mode ကို (Q6 စီးရီးမှလွဲ၍) QLED တီဗွီ၊ The Frame၊ The Serif နှင့် The Sero တို့တွင်သာ ပံ့ပိုးပေးထားပါသည်။
  • အာရုံခံဆင်ဆာ၏ရှေ့တွင် အတားအဆီးများမရှိအောင် သေချာပြုလုပ်ထားပါ။ ယင်းသည် တီဗွီ၏ အရှေ့ပိုင်း အောက်ဖက်ခြမ်းတွင် ပါလေ့ရှိပါသည်။
  • ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ