Sero အား အတည့်ပုံစံဖြင့် အသုံးပြုပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.12.2020

Samsung The Sero တီဗွီတွင် သင့်မိုဘိုင်းလ်ပေါ်ရှိ အရာများကို ကောင်းစွာကြည့်နိုင်ရန်အတွက် အတည့်ပုံစံကိုပေးထားပြီး အတည့်ပုံစံ အကြောင်းအရာမျိုုးစုံဖြင့် အခန်းဝန်းကျင်ကိုလည်း ပြောင်းပေးပါသည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း အတည့်ပုံစံကို အသုံးပြုခြင်းအတွက် အသေးစိတ်လမ်းညွှန်တစ်ခု ကျွန်ုပ်တို့ထံတွင် ရှိပါသည်။

အလျားလိုက်ပုံစံမှ အတည့်ပုံစံသို့ ပြောင်းပါ

The Sero ကို အလျားလိုက်မှ အတည့်သို့ပြောင်းရန် နည်းလမ်းသုံးခု ရှိပါသည်။ ပါဝင်သောရီမုတ်၊ Bixby Voice တို့ကို သုံးနိုင်သလို The Sero နှင့်ချိတ်ဆက်ထားသော SmartThings အက်ပ်ကိုလည်း အသုံးပြုနိုင်ပါသည်။ နည်းလမ်းသုံးမျိုးအနက် သင်နှင့်အကိုက်ညီဆုံးကို ရွေးချယ်ကာ စမ်းကြည့်လိုက်ပါ။

  • နည်းလမ်း ၁။ Samsung စမတ်ရီမုတ်တွင် rotate ခလုတ်ကိုနှိပ်ပါ။
  • နည်းလမ်း ၂။ Samsung စမတ်ရီမုတ်တွင် Bixby ခလုတ်ကိုနှိပ်ပြီး "Portrait Mode" သို့မဟုတ် "Rotate vertically" ဟုပြောပါ။
  • နည်းလမ်း ၃။ SmartThings အက်ပ်တွင် The Sero ကို ရွေးကာ TV Control ကိုနှိပ်ပြီးနောက် rotate ခလုတ်ကိုနှိပ်ပါ။

မှတ်ချက် - စခရင်ကို အလျားလိုက်မှ အတည့်ပုံစံသို့ ပြောင်းလိုက်သောအခါ ဖော်ပြသည့်အခါကို အလယ်တွင်ပြကာ အရွယ်အစားမှာ အရွယ်အစားအချိုးအပေါ် မူတည်၍ ပြောင်းလဲပါသည်။

အတည့်ပုံစံတွင် ဖော်ပြသည့်အရာများကို သတ်မှတ်ပုံ

အတည့်ပုံစံအတွက် ဖော်ပြသည့်အရာ အမျိုးအစားများစွာကို ရွေးချယ်နိုင်ပါသည် - နာရီ၊ ပိုစတာ၊ ကျွန်ုပ်၏ဓာတ်ပုံ၊ စီနီမာဂရပ်ဖ်နှင့် အသံနံရံ။ ယင်းလုပ်ဆောင်ချက်များသည် The Sero ကို သင့်နေရာနှင့် ချောမွေ့စွာ ပေါင်းစပ်ပေးမည် ဖြစ်ပါသည်။ ပုံစံငါးမျိုးအနက် တစ်မျိုးဖြင့် အခန်း၏ဝန်းကျင်ကို ပြောင်းလဲနိုင်ပါသည်။

အဝေးထိန်းခလုတ်ကို အသုံးပြုခြင်း

အဆင့် ၁။ အတည့်ပုံစံအတွက်သာပြသော အကြောင်းအရာစခရင်ပေါ်တွင် Select ခလုတ်ကိုနှိပ်ပါ။

အဆင့် ၂။ အကြောင်းအရာကဏ္ဍကို ပြောင်းရန်အတွက် ဘယ် သို့မဟုတ် ညာသို့သွားပါ။

အဆင့် ၃။ ကြည့်လိုသော အကြောင်းအရာကဏ္ဍသို့သွားကာ ရွေးချယ်ရန်အတွက် အပေါ် သို့မဟုတ် အောက်သို့သွားပါ။

SmartThiings အက်ပ်ကို အသုံးပြုခြင်း

အဆင့် ၁။ SmartThings အက်ပ်တွင် The Sero ကိုနှိပ်ကာ Portrait Mode ကိုနှိပ်ပါ။

အဆင့် ၂။ အကြောင်းအရာကဏ္ဍကို ရွေးချယ်ကာ ကြည့်လိုသော အကြောင်းအရာကို ရွေးချယ်ပြီးနောက် စခရင်ပေါ်ရှိ View on The Sero ခလုတ်ကို ဆက်နှိပ်ပါ။

မှတ်ချက် -

  • အက်ပ်အပေါ်မူတည်၍ အတည့်ပုံစံကို မပံ့ပိုးထားခြင်း ရှိနိုင်ပြီး ပေးထားသော အကြောင်းအရာတွင် နောင်တွင်အပ်ဒိတ်လုပ်ပေးမည် ဖြစ်ပါသည်။
  • ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ