Kant-SU2 နှင့် Kant-S2 တီဗွီမော်ဒယ်များတွင် အပ်ဒိတ်လုပ်ရာ၌ ယူအက်စ်ဘီချို့ယွင်းချက် အသိ​ပေးချက်များအတွက် ​ဖြေရှင်းနည်းလမ်းများ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 30.09.2020

၂၀၂၀ တီဗွီမော်ဒယ်များ (Kant-SU2 နှင့် Kant S2) တို့ကို ယူအက်စ်ဘီ မန်မိုရီစတစ်တစ်ချောင်းဖြင့် အပ်ဒိတ်လုပ်ရာတွင် စခရင်ပေါ်၌ ချို့ယွင်းချက်အသိ​ပေးချက်တစ်ခုကို သင်တွေ့ရှိနိုင်ပါသည်။ အောက်ပါ Samsung တီဗွီဖန်းမ်ဝဲ အဆင့်မြှင့်ခြင်းလမ်းညွှန်အတိုင်း လိုက်လုပ်ခြင်းဖြင့် ကြုံ​တွေ့​နေရ​သော ပြဿနာကို သင်ဖြေရှင်းနိုင်ပါသည်။

တီဗွီတွင် ယူအက်စ်ဘီချို့ယွင်းချက် တစ်ခုကိုသာ ပြသပါက

Kant-SU2 သို့မဟုတ် Kant-S2 မော်ဒယ်များအတွက် ဖန်းမ်ဝဲအပ်ဒိတ်လုပ်စဉ်အတွင်း သင့်တီဗွီသည် ပုံမှန်လုပ်ဆောင်ခြင်းမရှိဘဲ အောက်ပါပုံကို ပြသပါက ပြဿနာဖြစ်ရသည့် အကြောင်းရင်းကို သင်သိရှိရန် လိုအပ်ပါသည်။

 

ယင်းသည် ဆော့ဖ်ဝဲပြဿနာတစ်ခုဖြစ်ပြီး ပိတ်၍ပြန်ဖွင့်ခြင်းကို နှစ်ကြိမ်ပြုလုပ်ပြီးနောက်တွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ခြင်း ပြီးစီးပါသည်။ ဒုတိယအကြိမ် ပိတ်၍ပြန်ဖွင့်ခြင်း မပြီးစီးမီတွင် ယူအက်စ်ဘီစတစ်ကို ဖယ်လိုက်ပါက သို့မဟုတ် ပါဝါကိုပိတ်လိုက်ပါက စခရင်ပေါ်တွင် ယူအက်စ်ဘီချို့ယွင်းချက် အိုင်ကွန်တစ်ခု ပေါ်လာမည်ဖြစ်ပါသည်။

 

  • ယူအက်စ်ဘီ မန်မိုရီဒရိုက်ဗ်ကို မဖြုတ်ပါနှင့်။
  • ပါဝါကြိုးကို မဖြုတ်ပါနှင့်။
  • တီဗွီကို မပိတ်လိုက်ပါနှင့်။

မှတ်ချက် - ယူအက်စ်ဘီမန်မိုရီဒရိုက်ဗ်ကို ဖြုတ်ခြင်း သို့မဟုတ် ပါဝါကြိုးကို ဖြုတ်ခြင်းကြောင့် ဖန်းမ်ဝဲချို့ယွင်းချက်တစ်ခု သို့မဟုတ် မိန်းဘုတ်ပျက်စီးကို ဖြစ်စေခြင်းရှိနိုင်ပါသည်။ ဤပြဿနာများသည် Samsung အာမခံမူဝါဒတွင် အကျုံးမဝင်ပါ။

ဖြေရှင်းချက် - ယူအက်စ်ဘီကို အသုံးပြုလက်စ စတစ်ဖြင့်ပင် ပြန်လည်ချိတ်ဆက်ပါ

ယူအက်စ်ဘီကို ဖြုတ်လိုက်ပြီးနောက် ချို့ယွင်းချက်အိုင်ကွန် ပေါ်လာပါက ဖန်းမ်ဝဲဖိုင်၏ နောက်ဆုံးထွက်ဗားရှင်းရှိသော ယူအက်စ်ဘီစတစ်ကို ပြန်တပ်ပေးခြင်းဖြင့် ချို့ယွင်းချက်ကို ဖြေရှင်းနိုင်ပါသည်။ ထို့နောက် အပ်ဒိတ်လုပ်ခြင်း ပြီးစီးကာ ချို့ယွင်းချက်ကို အလိုအလျောက် ဖြေရှင်းပေးမည် ဖြစ်ပါသည်။

မှတ်ချက် - နောက်ဆုံးထွက်ဖန်းမ်ဝဲကို Samsaung.com မှ ဒေါင်းလုဒ်ဆွဲနိုင်ပါသည်

  • ကိုယ်တိုင်ဖန်းမ်ဝဲအပ်ဒိတ်လုပ်ခြင်း လုပ်ငန်းစဉ် (ယူအက်စ်ဘီ / အိုတီအန်)

 

တီဗွီဖွင့်ခြင်း -> (ယူအက်စ်ဘီ / အိုတီအန်) မှတဆင့် FW အပ်ဒိတ် -> ပိတ်၍ပြန်ဖွင့်ခြင်း -> ဖော်ပြချက်လိုဂို -> အမည်းရောင်စခရင် (အများဆုံး ၁၀ စက္ကန့်) -> တိုးတက်မှုဘား (၃၀~၆၀ စက္ကန့်) -> ပိတ်၍ပြန်ဖွင့်ခြင်း -> ဖော်ပြချက်လိုဂို -> တီဗွီဖွင့်ခြင်း (ပြီးစီးပါပြီ)

 

  • အလိုအလျောက် ဖန်းမ်ဝဲအပ်ဒိတ်လုပ်ခြင်း လုပ်ငန်းစဉ်

 

တီဗွီဖွင့်ခြင်း -> ပိတ်၍ပြန်ဖွင့်ခြင်း -> ဖော်ပြချက်အိုင်ကွန် -> တီဗွီဖွင့်ခြင်း (ပြီးစီးပါပြီ)

တီဗွီမီနူးတွင် တီဗွီအကြောင်းထည့်ပါ။ သင့်တီဗွီဆော့ဖ်ဝဲ၏ အမည်ကို ပြပေးပါမည်။

 

  • T-KTS2.... ဆိုသည်မှာ KANT-S2 ပလက်ဖောင်းအတွက် ဖြစ်ပါသည်။
  • T-KTSU2.... ဆိုသည်မှာ KANT-SU2 ပလက်ဖောင်းအတွက် ဖြစ်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ