eARC ဆိုတာဘာလဲနှင့် Samsung စမတ်တီဗီတွင် သတ်မှတ်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.08.2020

eARC သည် တီဗီတစ်လုံးအား ကေဘယ်၊ ဂြိုဟ်တု၊ ထုတ်လွှင့်မှု သို့မဟုတ် ရင်းမြစ်ကိရိယာများမှလာသော အသံကို HDMI ကြိုးတစ်ချောင်းတည်းမှတဆင့် AVR သို့မဟုတ် sound bar တစ်ခုသို့ ပေးပို့နိုင်စေပါသည်။ ယင်းသည် ချိတ်ဆက်မှုကို ရိုးရှင်းစေသလို မူရင်းအသံကိုလည်း ခံစားနိုင်စေပါသည်။

HDMI ARC နှင့် eARC ကွာခြားချက်များ

တီဗီအများစုသည် HDMI ကြိုးများမှတဆင့် မပို့လွှတ်မီတွင် အသံအချက်ပြများကို ကြိုတင်၍ ဖိနှိပ်ပါသည်။ eARC (ပိုမိုကောင်းမွန်သော အသံပြန်ပို့မှုချန်နယ်) သည် HDMI ကြိုးတစ်ချောင်းမှတဆင့် အရည်အသွေးပြည့်ဝသော မူရင်းအသံအချက်ပြကို ပို့လွှတ်နိုင်စေပြီး ပျက်ယွင်းမှုမရှိဘဲ အကောင်းဆုံးအသံကို ထုတ်ပေးပါသည်။ eARC သည် နောက်ဆုံးပေါ် HDMI 2.1 သတ်မှတ်ချက်တွင် ပါဝင်လာသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အကြီးမားဆုံး ကောင်းကျိုးမှာ ယင်းသည် လှိုင်းအကျယ်နှင့် အမြန်နှုန်းကို အလွန်များပြားစွာ တိုးမြှင့်ပေးခြင်း ဖြစ်ပါသည်။ ယင်းသည် အရည်အသွေးမြင့်အသံကို သင့်တီဗီမှ သင့် Soundbar သို့မဟုတ် AV receiver သို့ ရောက်ရှိစေနိုင်ပြီး bitrate မြင့်သော ဖောမက်များဖြစ်ကြသည့် Dolby Atmos နှင့် DTS တို့ဖြင့် ကိုက်ညီပါသည်။


eARC ကို မျိုးဆက်သစ် ARC အဖြစ်လည်း နာမည်ကျော်ကြားစွာ ရည်ညွှန်းကြပါသည်။ ယင်းသည် ပိုမိုကြီးမားသော လှိုင်းအကျယ်ကို ပံ့ပိုးနိုင်ကြောင်း တွေ့ရပြီး ပိုကောင်းသော အမြန်နှုန်းများကိုလည်း ပေးပါသည်။ သို့ဖြစ်၍ သင့် HDTV မှ အရည်အသွေး ပိုမိုမြင့်မားသော အသံကို သင့် sound bar သို့မဟုတ် audio receiver သို့ ပေးပို့နိုင်စေပါသည်။

Difference ARC and eARC

လုပ်ဆောင်ချက်

HDMI ARC

HDMI eARC

ဖိနှိပ်ထားသော 5.1

ဟုတ်

ဟုတ်

မဖိနှိပ်ထားသော 5.1

မဟုတ်

ဟုတ်

မဖိနှိပ်ထားသော 7.1

မဟုတ်

ဟုတ်

Bitrate မြင့်ပြီး 192kHz, 23-bit အထိအပေါ် အခြေခံသောအရာ

(ဥပမာ Dolby Atmos, DTS:X)

မဟုတ်

ဟုတ်

eARC ကို ပံ့ပိုးထားသော မော်ဒယ်များ

 

  • TV: UHD TU7000 နှင့်အထက် မော်ဒယ်များ
  • Soundbar: Q70T နှင့်အထက် မော်ဒယ်များ
  • အသံဖောမက် - DTS Master, DTS:X, Dolby TrueHD, Dolby Atmos နှင့် နောက်ထပ်များစွာတို့ အပါအဝင် နောက်ဆုံးပေါ် bitrate မြင့်သော အသံဖောမက်များကို ပံ့ပိုးထားပါသည်။

မှတ်ချက် -

  • eARC အသုံးပြုနိုင်သော HDMI ကြိုးတစ်ချောင်းကို အသုံးပြုရပါမည်။ (HEAC သို့မဟုတ် HEC)
  • Anynet + (HDMI-CEC) လုပ်ဆောင်ချက်ကို စမတ်တီဗီတွင် ဖွင့်ထားရပါမည်။
  • အသိအမှတ်ပြုမထားသော ကြိုးတစ်ချောင်းကို အသုံးပြုပါက ချို့ယွင်းမှုတစ်ခု ဖြစ်ခြင်းရှိနိုင်ပါသည်။

HDMI-eARC ပုံစံအတွက် ဆက်တင်များ

eARC ကို ပံ့ပိုးသော ကိရိယာများအတွက် HDMI eARC ပုံစံကို သင်ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ကိရိယာကို ချိတ်ဆက်စဉ်အတွင်း အသံမထွက်ခြင်း ယာယီဖြစ်ပွားပါသည်။

တီဗီ၏ အဝင်အသံကို သတ်မှတ်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။ 

 

အဆင့် ၁။ သင့် Samsung အဝေးထိန်းခလုတ်တွင် Home ခလုတ်ကိုနှိပ်ပြီးနောက် Settings ကို ရွေးချယ်ပါ။

အဆင့် ၂။ Sound Menu ကို ရွေးချယ်ပြီးနောက် Expert Settings ကို ရွေးချယ်ပါ။

အဆင့် ၃။ ဖွင့်ရန်အတွက် HDMI e-ARC ပုံစံသို့သွားကာ သင့်အဝေးထိန်းခလုတ်တွင် enter ခလုတ်ကို နှိပ်ပါ။

မှတ်ချက် -

  • eARC ပုံစံအတွက် မူရင်းဆက်တင်မှာ off ဖြစ်ပါသည်။ (ARC သို့ အလိုအလျောက် ချိတ်ဆက်ပါ)
  • HDMI-eARC ပုံစံကို ဖွင့်ထားမှသာ eARC ကို သက်ဝင်စေပါသည်။

သင့်တီဗီမှ Settings မီနူးရှိ HDMI-CEC ပရိုတိုကောများကို ဖွင့်ထားရန် လိုအပ်ပါသည်။ Samsung တီဗီများတွင် HDMI-CEC ပရိုတိုကောကို Anynet+ ဟု ခေါ်ပါသည်။ 

 

အဆင့် ၁။ သင့် Samsung အဝေးထိန်းခလုတ်တွင် HOME ခလုတ်ကိုနှိပ်ပြီးနောက် Settings ကို ရွေးချယ်ပါ။

အဆင့် ၂။ Settings စခရင်တွင် General Menu နှင့် External Device Manager ကို ရွေးချယ်ပါ။

အဆင့် ၃။ External Device Manager မီနူးတွင် Anynet+ (HDMI-CEC) သို့သွားကာ Anynet+ ကို ဖွင့်ရန်အတွက် သင့်အဝေးထိန်းခလုတ်တွင် enter ကိုနှိပ်ပါ။

မှတ်ချက် -

  • တီဗီ သို့မဟုတ် One Connect Box ၏ ကျောဖက်တွင် HDMI အပေါက်ကို ARC ဟု အညွှန်းပြထားမည် ဖြစ်ပါသည်။
  • One Connect Box အများစုတွင် HDMI-ARC ပေါက်တစ်ခု ရှိပါသည်( ယင်းသည် တတိယမြောက် HDMI ပေါက် ဖြစ်လေ့ရှိပါသည်)။

ARC/eARC လုပ်ဆောင်ခြင်းအတွက် ပြဿနာတစ်ခု ရှိပါက တီဗီတွင် ချိတ်ဆက်ထားသော ပြင်ပကိရိယာများ (STB, OTT ကိရိယာ အစရှိသည်) အားလုံးကို ဦးစွာဖယ်ရှားပြီးနောက် ပြန်ဖွင့်ကြည့်ပါ။ အချို့သော ပြင်ပကိရိယာများသည် HDMI ချိတ်ဆက်မှု သတ်မှတ်ချက်များကို ကောင်းစွာမလိုက်နာခြင်းရှိနိုင်ပြီး ယင်းသည် ပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။

 

TV တစ်လုံးနှင့် eARC ကို ချိတ်ဆက်ရန်အတွက် အောက်ပါအချက်များကို စစ်ဆေးရန် လိုအပ်ပါသည်။ 

 

  • eARC အပေါက် (ARC အပေါက်နှင့်အတူတူ) တွင် ချိတ်ဆက်ထားခြင်းကို စစ်ဆေးပါ
  • ချိတ်ဆက်ထားသော AV ကိရိယာသည် eARC သုံးနိုင်သော ကိရိယာတစ်ခုဖြစ်ကြောင်း စစ်ဆေးပါ
  • HDMI ကြိုးသည် HEAC သို့မဟုတ် HEC ကို ပံ့ပိုးကြောင်း စစ်ဆေးပါ
  • HDMI ကြိုးကို ပြန်ဆက်ပြီးနောက် HDMI-eARC ပုံစံကို Auto သို့ ပြန်ပြောင်းပါ

eARC ကို မှန်ကန်စွာ ချိတ်ဆက်ထားသော်လည်း အသံအရည်အသွေး နိမ့်ကျမှု ပြဿနာရှိနေပါက Digital Output Audio Format ကို စစ်ရန် လိုအပ်ပါသည်။

(Menu > Sound > Expert Settings > Digital Output Audio Format)

 

AV ကိရိယာက Audio Output Format ကို ပံ့ပိုးခြင်းရှိမရှိ စစ်ရန်အတွက် Digital Output Audio Format ကို PCM / Auto / Pass-Through တို့အဖြစ် တစ်ကြိမ်စီပြောင်းကြည့်ခြင်းဖြင့် စမ်းသပ်ပါ။

မှတ်ချက် - ကိရိယာ စခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ