စခရင်ကူးယူခြင်း ဆိုတာဘာလဲနှင့် ကျွန်ုပ်၏ Samsung တီဗီတွင် ယင်းအားအသုံးပြုပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 28.08.2020

သင့်စမတ်ဖုန်းစခရင်ကို တီဗီပေါ်တွင် ကြည့်လိုက်ပါ။ ဆိုလိုသည်မှာ သင့်စိတ်ကြိုက်ရှိုးပွဲများကို အလုပ်အသွားအပြန်တွင် ကြည့်ရှုနိုင်ပြီး အိမ်တံခါးမှ ဝင်လာသည်နှင့် စခရင်အကြီးပေါ်တွင် ဆက်လက်ကြည့်နိုင်မည် ဖြစ်ပါသည်။

စခရင်ကူးယူခြင်းဆိုတာ ဘာလဲ။

စခရင်ကူးယူခြင်းဆိုသည်မှာ မိုဘိုင်းလ်ကိရိယာတစ်ခု၏ စခရင်ကို အရှိအတိုင်း တီဗီစခရင်ကြီးပေါ်တွင် မြင်နိုင်စေရန်အတွက် တီဗီစခရင်သို့ ပေးပို့နိုင်စေသော နည်းပညာတစ်ခု ဖြစ်ပါသည်။ SmartThings နှင့် Smart View အက်ပ်တို့သည် သင့် Samsung စမတ်တီဗီသို့ လျင်မြန်လွယ်ကူစွာ ချိတ်ဆက်နိုင်စေပါသည်။ သို့ရာတွင် ဝိုင်ဖိုင် သို့မဟုတ် HDMI မှတဆင့်လည်း သင်ချိတ်ဆက်နိုင်ပါသေးသည်။ ထို့အပြင် ၂၀၂၀ မော်ဒယ်တွင် တီဗီကို ထိလိုက်ရုံဖြင့် သင့်ဖုန်းစခရင်ကို ကူးယူနိုင်ပါသည်။ သင့်စမတ်ဖုန်းပေါ်ရှိ ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် အက်ပ်များကဲ့သို့သော အရာအမျိုးမျိုးကို ပိုမိုကြီးမားသော စခရင်ပေါ်တွင် ပြပေးမည်ဖြစ်ပြီး ပိုမို၍ စိတ်ကျေနပ်ဖွယ်ရာ ခံစားရစေပါသည်။

 

စခရင်ကို ဝါယာလက်နည်းဖြင့် ကူးယူရန်အတွက် ဝိုင်ဖိုင်ချိတ်ဆက်မှုသည် သင့်တီဗီအတွက် မရှိမဖြစ် လိုအပ်ပါသည်။ စမတ်တီဗီမဟုတ်သော တီဗီများအတွက် Samsung AllShare Cast၊ Chromecast သို့မဟုတ် Amazon Firestick တို့ကဲ့သို့သော ရယူပေးသည့် ကိရိယာတစ်ခု လိုအပ်ပါမည်။

မှတ်ချက် - သင့်စခရင်အား တီဗီပေါ်သို့ မျှဝေခြင်း လုပ်ငန်းစဉ်သည် သင့်တီဗီနှင့် ကိရိယာနှစ်မျိုးစလုံး၏ ထုတ်လုပ်ထားမှုနှင့် မော်ဒယ်အပေါ်တွင် မူတည်၍ ကွဲပြားပါသည်။ အောက်ပါလမ်းညွှန်ချက်များမှာ မည်သည့် မိုဘိုင်းလ်ကိရိယာမှမဆို Samsung တီဗီတစ်လုံးသို့ စခရင်မျှဝေရန်အတွက် ဖြစ်ပါသည်။

martThings သည် အိမ်သုံးစမတ်ကိရိယာများကို ထိန်းချုပ်ရန်အတွက် Samsung ၏ ဆုံချက်ဖြစ်ပြီး Android နှင့် iOS ကိရိယာနှစ်မျိုးစလုံးတွင် ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။ SmartThings သည် ၂၀၁၆ နောက်ပိုင်း ထုတ်လုပ်ထားသော Samsung တီဗီအများစုကို သိရှိကာ အလိုအလျောက် ချိတ်ဆက်နိုင်ပါသည်။ သင့်တီဗီကို ယင်းမတိုင်မီက ထုတ်လုပ်ထားခြင်း ဖြစ်ပါက Smart View အက်ပ်နှင့် အစားထိုး၍ ချိတ်ဆက်ကြည့်ပါ။

အဆင့် ၁။ သင့် Samsung စမတ်တီဗီနှင့် သင့်ကိရိယာကို တူညီသော ဝိုင်ဖိုင်ကွန်ရက်တွင် ချိတ်ဆက်ပါ

အဆင့် ၂။ သင့်ကိရိယာပေါ်တွင် SmartThings အက်ပ်ကို ဒေါင်းလုဒ်ဆွဲပါ

မှတ်ချက် - သင်က Samsung ကိရိယာတစ်ခုကို အသုံးပြုနေခြင်းဖြစ်ပါက SmartThings အက်ပ်ကို ထည့်သွင်းထားပြီး ဖြစ်နေနိုင်ပါသည်။ (အပ်ဒိတ်လုပ်ရန် လိုအပ်ပါသည်)

အဆင့် ၃။ SmartThings အက်ပ်ကိုဖွင့်ပါ

အဆင့် ၄။ ကိရိယာထည့်ပါကို နှိပ်ပါ

 

ရရှိနိုင်သော ကိရိယာများအားလုံးကို ဖော်ပြထားပါမည်။ သင့်ကိရိယာကို မတွေ့ရှိပါက ယင်းကိုဖွင့်ထားကြောင်း သေချာအောင်စစ်ပါ။ ယင်းကို မတွေ့ရှိသေးပါက ယင်းကို အပိတ်အဖွင့် ပြန်လည်ပြုလုပ်ခြင်းနှင့် SmartThings အက်ပ်ကို ပိတ်၍ပြန်ဖွင့်ခြင်းတို့ကို ပြန်လုပ်ကြည့်ပါ။

အဆင့် ၅။ သင့်တီဗီကို ရွေးချယ်ပါ သို့မဟုတ် အနီးနားရှိ သင့်တီဗီကို စကန်လုပ်ပါ

အဆင့် ၆။ သင့်တီဗီပေါ်တွင်နှိပ်ကာ သင့်ကိရိယာကို ချိတ်ဆက်ပါ

 

ယခုအခါ သင့်တီဗီကို SmartThings နှင့် ချိတ်ဆက်လိုက်ပြီဖြစ်ကာ သင့်ကိရိယာကို တီဗီအတွက် ဒုတိယ အဝေးထိန်းခလုတ်အဖြစ် သုံးနိုင်ပြီ ဖြစ်ပါသည်။ သင့်ကိရိယာမှ ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် သီချင်းတို့ကို ကူးယူရန်အတွက်လည်း Smart View ကို အသုံးပြုနိုင်ပါသည်။

အဆင့် ၇။ သင်ချိတ်ဆက်ထားသော တီဗီကိုနှိပ်ကာ More Options ကို နှိပ်ပါ

အဆင့် ၈။ Mirror Screens (Smart View) ကို ရွေးချယ်ပါ

မှတ်ချက် - ချိတ်ဆက်နိုင်စေရန်အတွက် သင့်ဖုန်းသည် တီဗီအနီးတွင်ရှိကြောင်း သေချာအောင် ပြုလုပ်ပါ။ 

Samsung Smart View အက်ပ်သည် သင့်မိုဘိုင်းလ်နှင့် ကွန်ပျူတာတွင် သိမ်းဆည်းထားသော အရာများကို သင့် Samsung စမတ်တီဗီပေါ်တွင် ကြည့်နိုင်စေပါသည်။ သင့်ကိရိယာကို ဒုတိယအဝေးထိန်းခလုတ်အဖြစ် အသုံးပြု၍လည်း တီဗီကို ထိန်းချုပ်နိုင်ပါသည်။

အဆင့် ၁။ သင့်ကိရိယာ/ကွန်ပျူတာနှင့် တီဗီကို ဝိုင်ဖိုင်ကွန်ရက် တစ်ခုတည်းတွင် ချိတ်ဆက်ပါ

အဆင့် ၂။ သင့်ဖုန်းပေါ်တွင် Quick Panel သို့ရောက်အောင်သွားကာ Smart View ကိုဖွင့်ပါ

အဆင့် ၃။ ရရှိနိုင်သော ကိရိယာများအားလုံးကို ပြပေးပါလိမ့်မည်။ သင့်တီဗီပေါ်တွင်နှိပ်ပါ

မှတ်ချက် - သင့်တီဗီကို မမြင်ရပါက ထပ်မံရှာဖွေရန်အတွက် ပြန်ဖွင့်မည် သင်္ကေတကို နှိပ်ပါ။ သင့်တီဗီကို မတွေ့ရသေးပါက ယင်းကိုပါဝါဖွင့်ထားကြောင်းနှင့် သင့်ကိရိယာချိတ်ဆက်ထားသော ဝိုင်ဖိုင်ကွန်ရက်တွင်ပင် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း သေချာအောင် ပြုလုပ်ပါ။

အဆင့် ၄။ My Photos၊ My Videos သို့မဟုတ် My Music ကို ရွေးချယ်ပါ

အဆင့် ၅။ တီဗီပေါ်တွင် သင်ဖွင့်လိုသော အရာများကို ရွေးချယ်ပါ

 

ယခုအခါ သင့်ကိရိယာနှင့် တီဗီတို့ကို ချိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Smart View အက်ပ်ကို သင်ဖွင့်သည့် အကြိမ်တိုင်းတွင် ဤချိတ်ဆက်မှုကို မှတ်မိကာ ပြုလုပ်ပေးမည် ဖြစ်ပါသည်။ ယခုအခါ Smart View အက်ပ်မှတဆင့် သင့်တီဗီကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ သင့်ကိရိယာရှိ အရာများကို ကြည့်နိုင်ပြီ ဖြစ်ပါသည်။

ကူးယူထားသောပုံသည် စခရင်ပေါ်တွင် သေးနေပါက ရုပ်ထွက်အချိုးကို ပြောင်းနိုင်ပါသည်။

 

အဆင့် ၁။ Smart View သို့သွားကာ More Options (ဒေါင်လိုက်အစက်သုံးစက်) ကိုနှိပ်ပါ။

အဆင့် ၂။ Settings > Phone aspect ratio ကိုနှိပ်ပါ။

အဆင့် ၃။ စခရင်အပြည့်ပေါ်စေရန်အတွက် ချိတ်ဆက်ထားသော ကိရိယာတွင် Full screen ကို ရွေးချယ်ပါ။ 

မှတ်ချက် - သင့်ကိရိယာအပေါ် မူတည်၍ ချိတ်ဆက်မှုကို ခွင့်ပြုရန် သို့မဟုတ် PIN ကုဒ်တစ်ခုကို ထည့်သွင်းရန် သင့်အားပြောပါမည်။

AirPlay မှတဆင့် ဓာတ်ပုံများနှင့် ဗွီဒီယိုများကိုကြည့်ခြင်း

 

အဆင့် ၁။ Photos အက်ပ်ကိုဖွင့်ပါ

အဆင့် ၂။ သင်မျှဝေလိုသော ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုကို ရှာဖွေပါ

အဆင့် ၃။ စခရင်၏ ဘယ်ဖက်အောက်ထောင့်ရှိ share အိုင်ကွန်ကိုနှိပ်ပါ

အဆင့် ၄။ AirPlay ကိုနှိပ်ပါ

အဆင့် ၅။ သင်ချိတ်ဆက်လိုသော တီဗီကို နှိပ်ပါ

အဆင့် ၆။ မေးလာပါက တီဗီပေါ်တွင် ပြထားသောကုဒ်ကို သင့် Apple ကိရိယာပေါ်တွင် ထည့်ပါ

 

AirPlay မှတဆင့် အသံကိုဖွင့်ခြင်း

 

အဆင့် ၁။ သင့် Apple ကိရိယာပေါ်ရှိ music player ကိုဖွင့်ပါ

အဆင့် ၂။ သီချင်းတစ်ပုဒ်ကို ရွေးချယ်ပါ

အဆင့် ၃။ Airplay အိုင်ကွန်ကိုနှိပ်ပါ

အဆင့် ၄။ သင်ချိတ်ဆက်လိုသော တီဗီကို နှိပ်ပါ

အဆင့် ၅။ မေးလာပါက သင့်တီဗီပေါ်တွင် ပြထားသောကုဒ်ကို သင့် Apple ကိရိယာပေါ်တွင် ထည့်ပါ

 

AirPlay ဆက်တင်များကို ရှာဖွေခြင်း

 

အဆင့် ၁။ Settings သို့သွားပါ

အဆင့် ၂။ General သို့ဆက်သွားပါ

အဆင့် ၃။ Apple AirPlay settings ကို ရွေးချယ်ပါ

မှတ်ချက် - သင့်တီဗီနှင့့် Apple ကိရိယာတို့ကို တူညီသော ဝိုင်ဖိုင်ကွန်ရက်တွင် ချိတ်ဆက်ထားရမည် ဖြစ်ပါသည်။

Tap View လုပ်ဆောင်ချက်သည် ၂၀၂၀ ပါ လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်ပါသည်။ သင့်ဖုန်းကို တီဗီနှင့်ထိလိုက်ရုံဖြင့် စခရင်ကို ကူးယူပေးမည် ဖြစ်ပါသည်။

 

ကြိုတင်ပြင်ဆင်ထားရမည့် ဆက်တင်များ

 

တီဗီ၏ Smart View လုပ်ဆောင်ချက် ဖွင့်ထားခြင်းရှိမရှိကို စစ်ပါ (Settings > General > External Device Manager > Device Connect Manager > Access Notification)။

 

သင့်ဖုန်းပေါ်တွင် Tap View ကို ပြင်ဆင်သတ်မှတ်ပုံ

 

အဆင့် ၁။ သင့်ဖုန်းတွင် SmartThings အက်ပ်ကိုဖွင့်ပြီး Menu ( အလျားလိုက်မျဉ်း သုံးကြောင်း) အိုင်ကွန်ကို နှိပ်ပါ

အဆင့် ၂။ Settings အိုင်ကွန်ကို နှိပ်ပြီးနောက် ထိနှိပ်မှု မြင်ကွင်း၊ ထိနှိပ်မှု အသံသို့ ဆက်သွားပါ။ ဖွင့်ရန်နှိပ်ပေးပါ

အဆင့် ၃။ သင့်ဖုန်းကို တီဗီနားသို့ယူလာပြီးသည့်နောက် ဖုန်းတွင် လက်ရှိအခြေအနေကို သတိပေးစာတက်လာပါက Allow ကိုနှိပ်ပါ။

မှတ်ချက် -

  • TU7000 နှင့်အထက် တီဗီမော်ဒယ် (Lifestyle/Outdoor တီဗီတို့ အပါအဝင်) နှင့် စတင်ထုတ်ဝေပြီးဖြစ်သော Samsung Galaxy မောဒယ်များ (Android 8.1 နှင့်အထက်) တို့တွင်သာ ရနိုင်ပါသည်
  • Tap View ကို အသုံးပြုရန်အတွက် သင့် SmartThings အက်ပ်ကို ဗားရှင်း 1.745 နှင့်အထက်ဖြစ်အောင် အပ်ဒိတ်လုပ်ထားပါ။ Google play Store သို့မဟုတ် Apple App store တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။
  • စခရင်ကူးယူခြင်းစသည်နှင့် ပါဝါမုဒ် တွင် ပါဝါချွေတာခြင်းကို ပိတ်ထားရန်လိုအပ်ပါသည်။ 

ဝါယာလက်နည်းဖြင့် ချိတ်ဆက်ရန် အခက်အခဲဖြစ်နေပါက သင့်ကိရိယာနှင့် သင့်တီဗီကို ချိတ်ဆက်ရန်အတွက် HDMI ကြားခံတစ်ခုကို အသုံးပြုကြည့်နိုင်ပါသည်။ တရားဝင် Samsung HDMI ကြားခံများကို သီးခြားရောင်းချပြီး USB-C အပေါက်များပါသော ကိရိယာများအတွက်လည်း ပံ့ပိုးမှုပေးထားပါသည်။


သင်က USB-C အပေါက်မပါသော ကိရိယာဟောင်းတစ်ခုကို အသုံးပြုနေခြင်းဖြစ်ပါက ကိုက်ညီသော အခြားကုမ္ပဏီထုတ် ကြားခံတစ်ခုကို ရှာတွေ့နိုင်သော်လည်း ယင်း၏စွမ်းဆောင်ရည်ကိုမူ အာမ မခံနိုင်ပါ။

 

အဆင့် ၁။ HDMI ကြိုးတစ်ချောင်းကို HDMI ကြားခံတွင် ချိတ်ဆက်ပါ

အဆင့် ၂။ HDMI ကြိုး၏ အခြားတစ်ဖက်ကို သင့်တီဗီပေါ်ရှိ HDMI အပေါက်တစ်ခုတွင် ချိတ်ဆက်ပါ

အဆင့် ၃။ HDMI ကြားခံကို သင့်ကိရိယာပေါ်ရှိ USB ပေါက်တွင် ချိတ်ဆက်ပါ

အဆင့် ၄။ သင့်တီဗီကို ဖွင့်ပြီးနောက် အဝင်ကို သင်အသုံးပြုနေသော HDMI ပေါက်သို့ ပြောင်းပါ

Netflix နှင့် YouTube ကဲ့သို့သော အက်ပ်အချို့တွင် သင်ကြည့်ရှုနေသည့်အရာကို စခရင်အကြီးနှင့် အသေးကြား အလွယ်တကူ မျှဝေနိုင်စေမည့် နဂိုပါဝင်သော စခရင်ရယူခြင်း လုပ်ဆောင်ချက်တစ်ခု ရှိပါသည်။

 

အဆင့် ၁။ သင့်ကိရိယာနှင့် တီဗီကို ဝိုင်ဖိုင်ကွန်ရက်တစ်ခုတည်းတွင် ချိတ်ဆက်ပါ

အဆင့် ၂။ သင့်ကိရိယာနှင့် တီဗီတွင် ကိုက်ညီသောအက်ပ်ကို ဒေါင်းလုဒ်ဆွဲပါ

အဆင့် ၃။ အကောင့်ဝင်ပါ သို့မဟုတ် အကောင့်တစ်ခု ပြုလုပ်ပါ။ သင့်တီဗီတွင်ရော ကိရိယာတွင်ပါ တူညီသောအကောင့်ကို အကောင့်ဝင်ပါ

အဆင့် ၄။ သင်ကြည့်ရှုလိုသည့်အရာကို သင့်ကိရိယာမှတဆင့် ဖွင့်ပါ

အဆင့် ၅။ Cast အိုင်ကွန်ကို နှိပ်ပါ

မှတ်ချက် - Cast အိုင်ကွန်၏ တည်နေရာသည် သင်အသုံးပြုနေသောအက်ပ်နှင့် ဖုန်း၏အနေအထားအလိုက် ကွဲပြားမည် ဖြစ်ပါသည်။

အဆင့် ၆။ သင်ကြည့်လိုသည့်အရာကို ဖွင့်ထားသည့် ကိရိယာကို ရွေးချယ်ပါ

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ