သင့် Galaxy ဖုန်းကို မဲလ်ဝဲ မှဘယ်လိုကာကွယ်မလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

Galaxy ဖုန်းများသည် Play Store မှ အက်ပ်များဒေါင်းလုဒ်မရယူမီ မဲလ်ဝဲများကို စကန်ဖတ်သည့်အတွက် သင့်ဖုန်းတွင် မဲလ်ဝဲကူးစက်နိုင်ခြေ နည်းပါသည်။ သို့ရာတွင် ထိခိုက်စေသည့်ဆော့ဖ်ဝဲများသည် သင့်ဖုန်းထဲသို့ ကြေညာသို့မဟုတ် အီးမေးလ်များမှတဆင့် ထည့်သွင်းရနိုင်ပါသေးသည်။ သင့်ဖုန်းအား ရေရှည်ကာကွယ်ရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင်ခွင့်ပြုမည့်အက်ပ်များကိုရွေးချယ်ခြင်း။

အက်ပ်တခုသွင်းပြီးသည့်နောက်တွင် သင့်ဖုန်းအား မည်သည့်အက်ပ်များကို ၀င်ရောက်ခွင့်ပေးမလဲဆုံးဖြတ်နိုင်ပါသည်။ မကောင်းသည့် အက်ပ်များသည် သင့်ဖုန်းမှအချက်အလက်များကို ပေါက်ကြားစေနိုင်သည့်အတွက် ခွင့်ပြုချက်ပေးရာတွင်ဂရုစိုက်ပါ။ သင်ခွင့်ပြုလိုက်သော်လည်း သင်သည် အက်ပ်ကိုမသုံးဖြစ်တာကြာပါက ထိုခွင့်ပြုချက်သည် အလိုအလျောက် ပြန်သတ်မှတ်သွားမည်ဖြစ်ပြီး သင်နောက်တခါသုံးသည့်အချိန်တွင် ခွင့်ပြုချက်များပြန်ပေးရပါလိမ့်မည်။

အက်ပ်ခွင့်ပြုချက်များပြောင်းလဲနည်း။

အက်ပ်သတ်မှတ်ချက်များ အက်ပ်သတ်မှတ်ချက်များ

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အက်ပ်များ ကိုရွေးပါ။

ခွင့်ပြုမှုပြောင်းရန် အက်ပ်ကိုရွေးချယ်ပါ။ ခွင့်ပြုမှုပြောင်းရန် အက်ပ်ကိုရွေးချယ်ပါ။

အဆင့် ၂။ ခွင့်ပြုချက်များပြောင်းရန် အက်ပ်တခုကိုရွေးချယ်ပါ။

အက်ပ်ခွင့်ပြုချက်များရွေးချယ်ပါ။ အက်ပ်ခွင့်ပြုချက်များရွေးချယ်ပါ။

အဆင့် ၃။ ခွင့်ပြုချက်များ ကိုရွေးပါ။

အက်ပ်အတွက် ခွင့်ပြုချက်များ ခွင့်ပြုခြင်း အက်ပ်အတွက် ခွင့်ပြုချက်များ ခွင့်ပြုခြင်း

အဆင့် ၄။ ခွင့်ပြုရန် တခုကိုရွေးချယ်ပါ။

အက်ပ်ခွင့်ပြုချက်များအတွက် ခွင့်ပြုရန် သို့မဟုတ် ခွင့်မပြုပါ ကိုရွေးပါ။ အက်ပ်ခွင့်ပြုချက်များအတွက် ခွင့်ပြုရန် သို့မဟုတ် ခွင့်မပြုပါ ကိုရွေးပါ။

အဆင့် ၅။ ခွင့်ပြုရန် သို့မဟုတ် ခွင့်မပြုပါ ကိုရွေးပါ။

သင့်ဖုန်းမှ လုံခြုံသည့်ဝက်ဆိုဒ်သို့ ၀င်သော်လည်း သင်သည် အန္တရာယ်ရှိသည့် ကြေညာများတွင် ပေါ်နိုင်ပါသည်။ အန္တရာယ်ရှိသည့်ကြေညာများမှတဆင့် မဲလ်ဝဲကူးစက်မှုကြောင့် ပေါ့ပ်အက်များကန့်သတ်ရန်နှင့် သင့်ဖုန်းကိုကာကွယ်ရန် Samsung Internet အက်ပ်မှ ကြေညာပိတ်ဆို့စနစ်ကို အသုံးပြုရန် အကြံပြုပါသည်။

Samsung Internet အက်ပ်ကိုဖွင့်ပါ။ Samsung Internet အက်ပ်ကိုဖွင့်ပါ။

အဆင့် ၁။ Samsung Internet အက်ပ်ကိုဖွင့်ပါ။

မီနူး ကိုရွေးပါ။ မီနူး ကိုရွေးပါ။

အဆင့် ၂။ မီနူး (ဒေါင်လိုက်အစက် ၃ စက်) ကိုရွေးပါ။

ကြေညာပိတ်ဆို့စနစ် သတ်မှတ်ချက်များကိုရွေးပါ။ ကြေညာပိတ်ဆို့စနစ် သတ်မှတ်ချက်များကိုရွေးပါ။

အဆင့် ၃။ ကြေညာပိတ်ဆို့စနစ်များ ကိုရွေးပါ။

အကြံပြုထားသည့် အက်ပ်များထဲမှရွေးချယ်ပါ။ အကြံပြုထားသည့် အက်ပ်များထဲမှရွေးချယ်ပါ။

အဆင့် ၄။ ဒေါင်းလုဒ်ဆွဲရန် အကြံပြုထားသည် ထဲမှရွေးချယ်ပါ။

မှတ်ချက်။

  • ကြေညာပိတ်ဆို့အက်ပ် ကိုဒေါင်းလုဒ်ဆွဲရန် သင့် Google account သို့ဝင်ရောက်ထားရပါမည်။
  • သင်သည် အချို့ ကြေညာပိတ်ဆို့အက်ပ်များအတွက် ငွေပေးချေရနိုင်သည့်အတွက် ၄င်းတို့၏ ဖော်ပြချက်နှင့်အကြံပြုချက်များကို စစ်ဆေးပေးပါ။
  • သင်သည် ပြင်ပအင်တာနက်အက်ပ်ကို အသုံးပြုပါက အက်ပ်၏လုံခြုံရေးသတ်မှတ်ချက်များကို ချိန်ညှိပါ။

သင့်ဖုန်းကို မဲလ်ဝဲမှ ကာကွယ်ရန် ကိရိယာကာကွယ်ရေး ကိုဖွင့်ရန် အကြံပြုပါသည်။

ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှုကိုနှိပ်ပါ။

ကိရိယာကာကွယ်ရေး ကိုရွေးပါ။ ကိရိယာကာကွယ်ရေး ကိုရွေးပါ။

အဆင့် ၂။ ကိရိယာကာကွယ်ရေး ကိုရွေးပါ။

ဖုန်းကို စကန်ဖတ်ပါ ကိုနှိပ်ပါ။ ဖုန်းကို စကန်ဖတ်ပါ ကိုနှိပ်ပါ။

အဆင့် ၃။ ဖုန်းကို စကန်ဖတ်ပါ ကိုနှိပ်ပါ။

လွန်စွာမဖြစ်နိုင်သော်လည်း သင့်ဖုန်းသည် မဲလ်ဝဲသက်ရောက်ထားပါက မကောင်းသည့်အက်ပ်ကို လုံခြုံရေးအနေအထားတွင် ဖယ်ရှားနိုင်ပါသည်။ လုံခြံုရေးအနေအထားတွင် ပြင်ပအက်ပ်များအားလုံးကို ပိတ်ထားသည့်အတွက် ပြဿနာဖြစ်စေသည့်အက်ပ်ကို ဖျက်ရန် ပိုလွယ်နိုင်ပါသည်။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

ပါ၀ါပိတ်ပါ ကိုရွေးပါ။ ပါ၀ါပိတ်ပါ ကိုရွေးပါ။

အဆင့် ၂။ ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၃။ စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။

အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။ အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။

အဆင့် ၄။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက အသံတိုးခလုတ်ကို ဆက်ဖိထားပြီး ဘေးခလုတ်ကို လွှတ်လိုက်ပါ။

လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။ လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။

အဆင့် ၅။ စခရင်ဘယ်ဘက်အောက်ထောင့်တွင် လုံခြုံရေးအနေအထား ဟုပေါ်လာပါက ခလုတ်ကိုလွှတ်လိုက်ပါ။

လုံခြုံရေးအနေအထားတွင် အက်ပ်ကိုဖျက်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အက်ပ်မီနူး အက်ပ်မီနူး

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အက်ပ်များ ကိုရွေးပါ။

မသိသည့် သို့မဟုတ် မကောင်းသည့်အက်ပ်များကိုရှာပါ။ မသိသည့် သို့မဟုတ် မကောင်းသည့်အက်ပ်များကိုရှာပါ။

အဆင့် ၂။ သင်မသိသည့် သို့မဟုတ် မကောင်းသည့်အက်ပ်ဟုထင်သည့် အက်ပ်ကိုရှာပါ။

အက်ပ်အား ဖယ်ရှားပါ။ အက်ပ်အား ဖယ်ရှားပါ။

အဆင့် ၃။ ဖယ်ရှားမည် ကိုရွေးချယ်ပါ။

အိုကေ ကိုနှိပ်ပါ။ အိုကေ ကိုနှိပ်ပါ။

အဆင့် ၄။ အိုကေ ကိုနှိပ်ပါ။

အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ လုံခြုံရေးအနေအထားမှ ပုံမှန်အနေအထားသို့ပြန်ပြောင်းပါ။


အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ်ကို တပြိုင်တည်းနှိပ်၍ဖိထားပါ။
အဆင့် ၂။ ပြန်စပါ ကိုနှိပ်ပါ။

လုံခြုံရေးအနေအထားမှ သာမန်အနေအထားသို့ပြောင်းခြင်း

မှတ်ချက်။

  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

သင့်ဖုန်းအားကာကွယ်ရန် နောက်ထပ်နည်းလမ်းများ

သင့်ဖုန်းအားကာကွယ်ရန်နှင့် မဲလ်ဝဲမရှိစေရန် နောက်ထပ်အကြံပြုချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • အက်ပ်အားလုံး၏ လုံခြုံမှုကိုအတည်ပြုစစ်ဆေးသည့် Play Store သို့မဟုတ် Galaxy Store မှသာ အက်ပ်များကို ဒေါင်းလုဒ်ဆွဲပါ။
  • ပြင်ပ မဲလ်ဝဲဆန့်ကျင်ရေးအက်ပ်များသုံးခြင်းကို အကြံမပြုပါ။
  • သင့်ဖုန်းဆော့ဖ်ဝဲနှင့် လုပ်ဆောင်ချက်စနစ်ကို အပ်ဒိတ်အမြဲလုပ်ထားပါ။
  • Bluetooth နှင့် Wi-Fi ကိုမသုံးပါက ပိတ်ထားပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ