ပိုမိုကောင်းမွန်သောအနာဂတ်သို့ ကျွန်ုပ်တို့၏ ခြေလှမ်းများ
Samsung သည် စွမ်းအင်ထိရောက်မှုနှင့် အရင်းအမြစ်လည်ပတ်မှု စက်ဝန်းတစ်ခုလုံးကို ကျွန်ုပ်တို့၏ထုတ်ကုန်များအတွက် ထည့်သွင်းစဉ်းစားထားပါသည်။ ၎င်းတွင် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချရန်အတွက် အရင်းအမြစ်ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းနှင့် ပြန်လည်အသုံးပြုခြင်း အဆင့်များအတွင်း အမျိုးမျိုးသော အစီအမံများကို အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ပါသည်။
စွမ်းအင်အတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများ
စွမ်းအင်သက်သာသော ကိရိယာများဖြင့် စွမ်းအင် သုံးစွဲမှုကို လျှော့ချရန်အလို့ငှာ နည်းပညာများစွာကို
ကျွန်ုပ်တို့ ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဖြေရှင်းနည်းများဖြင့် သင်သည် သင်၏စွမ်းအင်ငွေတောင်းခံလွှာများအပေါ်ရော ပတ်ဝန်းကျင်အပေါ်ပါ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။
သင့် ဘဝထဲက SmartThings Energy
သင့်စွမ်းအင်ကို SmartThings Energy1 ဖြင့် စီမံခန့်ခွဲပါ။ သင့်စွမ်းအင်အသုံးပြုမှုကို အလွယ်တကူ စီမံခန့်ခွဲပါ၊ စွမ်းအင်အသုံးပြုမှု ပန်းတိုင်များကို သတ်မှတ်ပါ၊ ထို့ပြင် စွမ်းအင်အသုံးပြုခွင့်ပမာဏ ကျော်လွန်သည့်အခါ သတိပေးချက်များကို လက်ခံရယူပါ။
အလိုအလျောက် ချိန်ညှိပေးပါသည်
သင့် TV ၏ အလင်းအမှောင်ကို
2025 TV မော်ဒယ်များ2 တွင် SmartThings AI Energy Mode နှင့်အတူ စွမ်းအင်ချွေတာရန် ကူညီပေးသည့် အသိဉာဏ်ရှိသော အလင်း အာရုံခံစနစ် ပါဝင်ပါသည်3။
အရင်းအမြစ်အတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများ
ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်စေရန်အတွက် ကျွန်ုပ်တို့သည် အရင်းအမြစ် ချွေတာမှုကို ထည့်သွင်းစဉ်းစားပါသည်။ ကျွန်ုပ်တို့သည် သေးငယ်သောခြေလှမ်းများမှတစ်ဆင့် ပတ်ဝန်းကျင်ကို ခြားနားမှုရှိအောင်ပြုလုပ်ရန် ကြိုးစားကြပါသည်။
စွန့်ပစ်ထားသည့်ပစ္စည်းများကို ထုတ်ကုန်အသစ်များတွင် ပြန်လည်ထည့်သွင်းအသုံးပြုခြင်း
Samsung သည် စွန့်ပစ်ထားသော အရင်းအမြစ်များဖြစ်သည့် ငါးဖမ်းပိုက်များနှင့် စွန့်ပစ်ပလတ်စတစ်များကို ထုတ်ကုန်ပစ္စည်းများအဖြစ် ပြန်လည်အသုံးပြုနိုင်သည့် ဆန်းသစ်တီထွင်ထားသော နည်းပညာများကို တီထွင်ခဲ့ပြီး ၎င်းကို
Galaxy စမတ်ဖုန်းများ (S25 Ultra၊ Z Fold7၊ Z Flip7)4၊ Tab S11 Ultra5၊ Watch Ultra6 နှင့် SolarCell7 remote အပါအဝင် ထုတ်ကုန်အမျိုးမျိုးအတွက် အသုံးပြုထားပါသည်။
အဝတ်လျှော်ခြင်းမှ မိုက်ခရိုပလတ်စတစ် ထုတ်လွှတ်မှုကို လျှော့ချပါ
ကျွန်ုပ်တို့ အဝတ်လျှော်စက်၏ မိုက်ခရိုပလတ်စတစ်များ ကြွေကျခြင်းကို 54%8 ထိထိရောက်ရောက်လျှော့ချပေးသည့် Less Microfiber™ Cycle နှင့် အဝတ်လျှော်ဖွတ်ချိန်တွင် ထွက်ရှိလာသော မိုက်ခရိုပလပ်စတစ်များ၏ 89-98% ခန့်ကို ဖမ်းယူနိုင်သည့် Less Microfiber™ Filter ဖြင့် သင့်အဝတ်လျှော်ခြင်းမှ မိုက်ခရိုပလတ်စတစ်ထုတ်လွှတ်မှုကို လျှော့ချနိုင်ပါသည်။9
စက်ဝိုင်းပုံဘက်ထရီ ပေးသွင်းရေးကွင်းဆက်မှတစ်ဆင့် လှည့်ပတ်စီးဆင်းမှု အားကောင်းစေခြင်း
ကျွန်ုပ်တို့၏ စက်ဝိုင်းပုံဘက်ထရီ ပေးသွင်းရေးကွင်းဆက်မှတစ်ဆင့် Galaxy S25 သည် ယခင်ကအသုံးပြုခဲ့သော Galaxy စမတ်ဖုန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှ စွန့်ပစ်ထားသော ဘက်ထရီများမှ ထုတ်ယူထားသော ပြန်လည်အသုံးပြုထားသည့် ကိုဘော့ကိုအသုံးပြုပါသည်။
ပြန်လည်ဖန်တီးခြင်း၊ စွန့်ပစ်ခြင်းမဟုတ်ပါ
ကျွန်ုပ်တို့၏လုပ်ငန်းစဉ်သည် လျှပ်စစ်ပစ္စည်းအမှိုက်များကို ပြန်လည်အသုံးပြုခြင်းဖြင့် ၎င်းတို့အား အဖိုးတန်အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲပေးကာ အဟောင်းပစ္စည်းများအဖြစ် ဘဝအသစ်ကို ဖြစ်စေပါသည်။
ဒေသဆိုင်ရာ ပြန်လည်အသုံးချရေး အစီအစဉ်များ
ကျွန်ုပ်တို့သည် ဒေသန္တရ ပြန်လည်အသုံးပြုခြင်းအစီအစဉ်များနှင့် အဖွဲ့အစည်းနှင့်အတူပူးပေါင်း၍ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းကို ပြန်လည်ထုတ်ယူပြီး ပြန်လည်အသုံးပြုကြပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာဒေတာ
Samsung Electronics ၏ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် လမ်းညွှန်ချက်များအကြောင်းကို ဒေါင်းလုဒ်လုပ်ပြီး လေ့လာပါ။
- 1 SmartThings ကို အသုံးပြုရန် အက်ပ်ကို Galaxy Store၊ Google Play Store သို့မဟုတ် Apple App Store မှ ဒေါင်းလုဒ်လုပ်ပါ။ ပံ့ပိုးထားသော OS သတ်မှတ်ချက်၊ လိုအပ်သော သိုလှောင်မှုနေရာနှင့် SmartThings အက်ပ်အတွက် အခြားအသုံးပြုမှုပတ်ဝန်းကျင်တို့ကို အက်ပ်စတိုး တစ်ခုစီရှိ အက်ပ်ဒေါင်းလုဒ်စာမျက်နှာတွင် တွေ့ရှိနိုင်သည်။ SmartThings တွင် တွဲဖက်အသုံးပြုနိုင်မှုဆိုင်ရာ ကန့်သတ်ချက်များရှိပြီး တွဲဖက်အသုံးပြုနိုင်သော ပတ်ဝန်းကျင်ကို အခါအားလျော်စွာ ပြင်ဆင်မွမ်းမံနိုင်ပါသည်။ ပံ့ပိုးထားသော OS SPECIFICATIONS နှင့် အက်ပ်စခရင်ပုံစံဖွဲ့စည်းပုံသည် အက်ပ်အပ်ဒိတ်များနှင့်အတူ ပြောင်းလဲနိုင်ပါသည်။ နည်းပညာ ရနိုင်မှု၊ အစီအစဉ်များ၊ အထူးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် နိုင်ငံ၊ ဝန်ဆောင်မှုပေးသူ၊ ကွန်ရက် ပတ်ဝန်းကျင် အခြေအနေ သို့မဟုတ် ထုတ်ကုန်တို့အလိုက် ကွဲပြားနိုင်ပြီး အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်ပါသည်။ စက်ပစ္စည်းများအားလုံးကို Wi-Fi သို့မဟုတ် အခြားကြိုးမဲ့ကွန်ရက်သို့ ချိတ်ဆက်သင့်ပြီး Samsung Account တစ်ခုတည်းဖြင့် မှတ်ပုံတင်ထားရပါမည်။ SmartThings အင်္ဂါရပ်များနှင့် SPECIFICATIONS သည် ထုတ်ကုန်နှင့် ဒေသ/နိုင်ငံပေါ်မူတည်၍ ကွဲပြားနိုင်သည်။
- 2 AI Energy Mode ကို U7000F နှင့် အထက် မော်ဒယ်များအပြင် 2025 တွင် ဖြန့်ချိခဲ့သော LS03F (The Frame)၊ H5000F (HD TV)၊ F6000F (FHD TV)တို့တွင် အသုံးပြုထားပါသည်။ samsung.com တွင် ပိုမိုလေ့လာပါ။
- 3 ဒေသများ၊ စက်ပစ္စည်းမော်ဒယ်များ၊ အရွယ်အစားများ၊ ကြည့်ရှုမှု အခြေအနေများ သို့မဟုတ် အကြောင်းအရာ အမျိုးအစားများ အစရှိသည်တို့အပေါ် မူတည်ပြီး စွမ်းအင်ချွေတာမှုနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။ Eco Mode ဖြင့် သင်္ဘောတင်ပို့ထားသော ထုတ်ကုန်ပစ္စည်းများတွင် AI Energy Mode ဆောင်ရွက်ချက်အချို့ နဂိုမူလ ပါရှိသည်ဖြစ်ရာ AI Energy Mode အား ဖွင့်၍ စွမ်းအင်ချွေတာမှုအဆင့်သည် အမှန်တကယ် လက်တွေ့နှင့်ယှဥ်လျှင် လျော့နည်းနေပုံ တွေ့ရနိုင်ပါသည်။AI Energy Mode သည် Game Mode နှင့်အတူ တွဲဖက်လုပ်ဆောင်ခြင်း မရှိပေ။ စွမ်းအင် ချွေတာမှုများသည် အတွင်းပိုင်း စစ်ဆေးမှုရလဒ်များအပေါ် အခြေခံထားခြင်း ဖြစ်ပြီး၊ ကြည့်ရှုသော အကြောင်းအရာ နှင့် ပတ်ဝန်းကျင် အလင်းအမှောင် ပမာဏများအပေါ်တွင်မူတည်ကာ အပြောင်းအလဲရှိနိုင်ပါသည်။
- 4 Galaxy S25 Series တွင် Top & Bottom Speaker Module (အပေါ်နှင့် အောက်) တွင် 20% နှင့် ကိုယ်ထည်အရှေ့ခြမ်းတွင် 10% ကဲ့သို့ အစိတ်အပိုင်းအမျိုးမျိုးတွင် ပြန်လည်အသုံးပြုထားသော ပလတ်စတစ်များ ပါဝင်ပါသည်။ Galaxy Z Flip7 နှင့် Z Fold7 တွင် ကိုယ်ထည်အရှေ့ခြမ်းနှင့် အသံအတိုးအကျယ် ခလုတ်တို့တွင် 10% ပြန်လည်အသုံးပြုထားသော ပလတ်စတစ်များ ပါဝင်သည်။
- 5 Galaxy Tab S11 Ultra သည် Case Bracket Pogo တွင် 20% ကဲ့သို့ဖြင့် အစိတ်အပိုင်းအမျိုးမျိုးတွင် ပြန်လည်အသုံးပြုထားသော ပလတ်စတစ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။
- 6 Galaxy Watch Ultra တွင် Bracket Motor နှင့် Cap HRM Connector Cap တွင် 20% ကဲ့သို့ဖြင့် အမျိုးမျိုးသော အစိတ်အပိုင်းများတွင် ပြန်လည်အသုံးပြုထားသော ပလတ်စတစ်များ ပါဝင်ပါသည်။
- 7 The Frame၊ The Premiere နှင့် အချို့သော Smart Monitors (M80F၊ M70F) ၏ 2025 မော်ဒယ်များအတွက် Bracket of SolarCell Remote တွင် စွန့်ပစ်ထားသော ငါးဖမ်းပိုက်များမှ ပြန်လည်အသုံးပြုသည့် ပစ္စည်း အနည်းဆုံး 20% ပါဝင်သည်။ အလေးချိန်ပေါ်မူတည်၍ တိုင်းတာသည်။
- 8 Samsung သမားရိုးကျမော်ဒယ် WW4000T နှင့် WW9000B ရှိ Less Microfiber™ Cycle ကို Synthetics cycle နှင့် နှိုင်းယှဉ်ပြီး 100% polyester hoodies ၏ 2kg ဝန်ဖြင့် စမ်းသပ်ထားသည်။ အဝတ်အစားများနှင့် ပတ်ဝန်းကျင်ပေါ်မူတည်၍ ရလဒ်များ ကွဲပြားနိုင်သည်။ Ocean Wise Plastics Lab တွင် စမ်းသပ်ခဲ့သည်။
- 9 ခန့်မှန်းခြေအားဖြင့် 89-98% ကို ဖမ်းယူပါသည်၊ WW90T734DWH၊ WF24A9500KW၊ အဝတ်လျှော်စက်တို့တွင် လက်လုပ်အထည် 2kg ဝန်ကို အသုံးပြု၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ပါသည်။